News

POST TAGGED AS

ပြည်သူ့ဆေးရုံကြီး

တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာ၊ ဈေးလမ်းဆုံတွင် ဩဂုတ်လ ၂၈ ရက် ည ၈ နာရီခန့်က ဆဲဆိုနောက်ပြောင်သည်ကို မကျေနပ်သဖြင့် ဓားဖြင့်လိုက်ခုတ်ရာ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန် မရှိသေးသောကြောင့် လူနာများ ဆေးကုသမှုခံယူရာ၌ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်ဆေးရုံကြီးအတွင်းရှိ တရားဝင် ဖွင့်ထားသည့် ဈေးဆိုင်များကို ပြန်လည် စိစစ်နေရာချ၍ စည်းကမ်းမဲ့ ကျူးကျော်ရောင်းချသူ ဈေးသည်များကို စည်ပင်သာယာနည်းဥပဒေ ၂၁ အရ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။
အင်းစိန်ဆေးရုံကြီးအနီး ပတ်ဝန်းကျင်ရှိ လမ်းဘေးဈေးသည်များ ဈေးမရောင်းရန် အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီက အမိန့်ထုတ်ပြန်ထားပြီး ဈေးသည်များက ယင်းမြို့နယ်ရှိ လွှတ်တော်အမတ်နှင့် သက်ဆိုင်ရာဌာနများထံသို့ အသနားခံစာ တင်ထားကြောင်း အဆိုပါဈေးသည်များထံမှ သိရသည်။
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး သုံးထပ်ဆောင် တည်ဆောက်နေသည့် လုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ရပ်တန့်ထားရန် ဆောက်လုပ်ခွင့်ရ တော်ဝင်အောင်မြေ ကုမ္ပဏီကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မေလ ၁၁ ရက်တွင် ညွှန်ကြားထားသည်။
ယခုနှစ်သင်္ကြန်ကာလ လေးရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနတွင် ဆရာဝန်၊ သူနာပြု၊ လူနာတင်ယာဉ်မောင်းနှင့် ဆေးရုံအကူ ဝန်ထမ်းများကို တိုးမြှင့်ချထားမည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သင်္ကြန်ကာလတွင် ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် ရောက်ရှိလာမည့် လူနာများအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ကုသရေးဌာနတွင် ဆရာဝန်၊ သူနာပြု၊ အကူလုပ်သားများနှင့် လူနာတင်ယာဉ်မောင်းများကို တာဝန်ချိန် နှစ်ဆတိုးမြှင့်ထားကြောင်း ရန်ကုန်ဆေးရုံကြီးထံမှ သိရသည်။
ထားဝယ် ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး အရေးပေါ်လူနာ လာပို့သည်ကို ညအချိန်မတော် ရမ်းကားခဲ့ကြောင်း ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီ သယ်ဆောင်ရေး အဖွဲ့နှင့် ခွဲစိတ်ဆောင်ရှိ လူနာစောင့်အချို့ထံမှ သိရသည်။
ရန်ကုန်ဆေးရုံကြီးတွင် လုံခြုံရေး အတွင်းပိုင်းအထိ ရယူပေးမည့် နေ့စား လပေး အစိုးရလုံခြုံရေး ဝန်ထမ်း ၄၀ ဦးကို ယခုနှစ် ဇန်နဝါရီလ ဒုတိယ အပတ်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စိစစ်ရွေးချယ် ခန့်အပ်ခဲ့ကြောင်း ယင်းဆေးရုံကြီး အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။