News

POST TAGGED AS

ပြည်သူ့လွှတ်တော်

မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို စစ်ဆေးနိုင်ရန် NLD ပါတီ ကော်မရှင်ဖွဲ့
မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို စစ်ဆေးနိုင်ရန် NLD ပါတီ ကော်မရှင်ဖွဲ့

ရန်ကုန်၊ နိုဝင်ဘာ ၂၈

မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို စစ်ဆေးနိုင်ရန် NLD ပါတီက ယနေ့ (နိုဝင်ဘာ ၂၈ ရက်) တွင် ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း ဦးဆောင်သည့် အဖွဲ့ဝင်သုံးဦး ပါသော လေ့လာသုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်း NLD ပါတီထံမှ သိရသည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ တနင်္သာရီတိုင်းဒသကြီး၊ မွန်ပြည်နယ် အတွင်းရှိ ကိစ္စရပ်များအား လေ့လာ၍ သုံးသပ်တင်ပြနိုင်ရန်ဖြစ်ပြီး ယင်းကော်မရှင်၏ တွေ့ရှိချက်များကို လေ့လာစိစစ် စစ်ဆေးပြီးမှသာလျှင် လူထုထံ အသိပေး ချပြသွားမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။
“အခုကော်မရှင်နဲ့ ပတ်သက်ပြီး ဘာတွေလုပ်မယ်ဆိုတဲ့ အသေးစိတ်ကို ထုတ်ပြန်ပေးလို့ မရဘူး။ အားလုံးပြီးရင် ထုက်ပြန်ပေးမှာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အလားတူ NLD ပါတီသည် နိုဝင်ဘာ ၂၅ ရက်တွင် ၎င်း၏ ပါတီမှ လူမှုရေးကိစ္စရပ်များ ဖြစ်ပေါ်ခဲ့သော ဒေါတ်တာစိုးမိုးသူ (မြောင်းမြ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးဉာဏ်လင်း (ရွှေပြည်သာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) နှင့် ဦးစိန်ဝင်း (မအူပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့အား လွှတ်တော်မှ ခန့်အပ်ထားသော လွှတ်တော်ရေးရာ ကော်မတီ တာဝန်များအား ရုပ်သိမ်း၍ ပါတီဝင် အဆင့်ထိ တာဝန်လျှော့ချခြင်းများ ပြုလုပ်ခဲ့ကြောင်း NLD ပါတီက ထုက်ပြန်ခဲ့သည်။

“ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေမှာ ပြဿနာရပ်တွေ ရှိနေလို့ အခုလို လူကြီးတွေက ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်တာ ဖြစ်နိုင်ပါတယ်” ဟု NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်တာဝန်မှ အနားယူရန် NLD ပါတီ ဗဟိုကော်မတီထံ စာရေးသား တောင်းဆိုခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။



FOLLOW US