News

POST TAGGED AS

ပြည်သူ့လွှတ်တော်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ်ရွေးချယ်ခံရ
နေပြည်တော်၊ မတ် ၂၂

ယမန်နေ့က နုတ်ထွက်သွားသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နေရာတွင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်ကို ရွေးချယ်တင်မြှောက်လိုက်သည်။

ဦးတီခွန်မြတ်နှင့်အပြိုင် အဆိုပြုခံရသူ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးမှာ ထောက်ခံမဲ ၁၄၁ မဲသာရရှိပြီး ဦးတီခွန်မြတ်မှာ ထောက်ခံမဲ ၂၈၀ ရရှိခဲ့ခြင်းဖြစ်သည်။

ဦးတီခွန်မြတ် မှာ ၂၀၁၀ ရွေးကောက်ပွဲနှငိ့ ၂၀၁၅ ရွေးကောက်ပွဲ နှစ်ခုစလုံးတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ကွတ်ခိုင်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူဖြစ်ပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရပြီးနောက် ပါတီမှနုတ်ထွက်ခဲ့သည်။

S-01



FOLLOW US