News

POST TAGGED AS

ပြည်သူလူထု

မြို့နယ်စည်ပင်ဦးစီးမှူးနှင့်အဖွဲ့ နုတ်ထွက်ပေးရန် ဒေသခံအချို့ ဆန္ဒပြ


တောင်ငူ၊ သြဂုတ် ၃

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် စည်ပင်ဦးစီးမှူး၊ စည်ပင်ကော်မတီဥက္ကဌနှင့် စည်ပင်ဦးစီးမှူးတို့ကို ရာထူးက နုတ်ထွက်ပေးရန် သနပ်ပင်ဒေသခံ ၁၂၀ ကျော်ခန့်က ယနေ့နံနက် ၁၀ နာရီက လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ဦးစီးမှူးနဲ့ စည်ပင်ဥက္ကဌက ခရိုနီတွေဘက်ကလိုက်ပြီး ကျွန်မတို့ရေမြောင်းတွေကျ ဖျက်တယ်။ ခရိုနီရဲ့ ရေမြောင်းကျ မဖျက်ပဲ ဘက်လိုက်ဆောင်ရွက်နေလို့ ခုလိုဆန္ဒထုတ်ဖော်တင်ပြတာပါ”ဟု ဦးဆောင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

လုပ်ကိုင်ခွင့်ဘောင်ကျော် ဆောင်ရွက်နေသည့်အတွက် မြို့ခံလူထု နစ်နာနေရသည်ဟုဆိုပြီး ယနေ့နံနက်က သနပ်ပင်မြို့ စံပယ်ဖြူလမ်းမှ စတင်ချီတက်လမ်းလျှောက်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

R-15




FOLLOW US