News

POST TAGGED AS

ပြည်သူလူထု

ပိတ်မိနေတဲ့ပြည်သူတွေ ကယ်ထုတ်ရေး၊ စစ်ပွဲတွေ ရပ်တန့်ရေး၊ လူအား၊ ငွေအား၊ ဉာဏ်အားတွေနဲ့ လုပ်နေကြတာလည်း အားတက်သရောပါပဲ။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်အတွင်းက ကိုယ့်လူမျိုး အချင်းချင်းဖြစ်တဲ့ တိုက်ပွဲမှာ အစိုးရက ပိတ်မိပြည်သူတွေ ကယ်ထုတ်ပေးနေရတယ်ဆိုတာလည်း တစ်မျိုးကြီး ဖြစ်နေမလား စဉ်းစားရပြန်ပါတယ်။
တစ်ဖက်ကကြည့်ရင်လည်း အစိုးရအနေနဲ့ အခုလို စိစစ်ပြီးလက်ခံတာ၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ မျက်စိစုံမှိတ်ပြီး ငြင်းဆန်နေတာ၊ ကိုယ့်ခြံစည်းရိုးကိုပဲ ကိုယ်လုံအောင်ကာပြီး တစ်ဖက်နိုင်ငံထဲမှာ ယခုရှိတဲ့သူ တစ်သန်းခန့်ထဲက အမှန်တကယ် နိုင်ငံသား ဖြစ်သင့်တဲ့သူတွေကို စနစ်တကျ ပြန်လည် ရွေးထုတ် စိစစ်လက်ခံတာတွေ မလုပ်ဘူးဆိုရင် နိုင်ငံတကာရဲ့ ဖိအားဟာ ပိုမိုပြင်းထန်လာနိုင်ပြီး ရခိုင်ဒေသဟာ မငြိမ်းချမ်းခြင်း သံသရာအကြားမှာ လူ့အသက် ၃-၄ ဆက်ခန့်ရှိတဲ့အချိန်အထိ ဒီအတိုင်း ဆက်သွားကြပါလိမ့်မယ်။
ပြည်သူလူထုကို အမှန်တကယ် အဆင့်မြင့်စေချင်တဲ့အစိုးရများဟာ လူထုကို အဆင့်မြင့်လာအောင် နေထိုင်မှု ဓလေ့စရိုက်တွေ ကောင်းလာအောင် နည်းစုံလမ်းကုန်သုံးပြီး လေ့ကျင့်ပေးကြတယ်။ ထိန်းမတ်ပေးကြတယ်။ ပျိုးထောင်ပေးကြတယ်။ ချော့သင့်တာချော့ ခြောက်သင့်တာခြောက် ဥပဒေစည်းမျဉ်းကောင်းတွေ ရေးဆွဲပြဋ္ဌာန်းပြီး စနစ်တကျ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲပေးကြတယ်။
... တရားဥပဒေ စိုးမိုးရေးအတွက် မိမိတာဝန်ဝတ္တရားအတိုင်း အမိန့်ပေးစေခိုင်းရဲတဲ့ သမ္မတ၊ မကောင်းသူကိုပယ်ပြီး ကောင်းသူကိုကယ်မယ့် သမ္မတမျိုးကိုသာ လိုချင်ကြတယ်လို့ ဖြေဆိုကြမှာ အမှန်ပင်ဖြစ်ပါကြောင်းနဲ့ မကြာမီရက်ပိုင်းမှာ တက်လာမယ့်သမ္မတအသစ်အနေနဲ့ ဒီလိုအရည်အချင်းမျိုး ပိုင်ဆိုင်နိုင်တဲ့ သမ္မတကြီးကောင်းတစ်ယောက် ဖြစ်ပါစေလိုကြောင်း
လူသတ်မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရေးပြဋ္ဌာန်းရန် ထောက်ခံလက်မှတ်များ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းဘေး သုမင်္ဂလာ အိမ်ရာရှေ့တွင် ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ကောက်ခံခဲ့ကြောင်း ယင်းပွဲစီစဉ်သူ 4 Women Voice အဖွဲ့မှ ဒေါ်လီလီနိုင်ကျော်က ပြောသည်။
ငြိမ်း၊ စု၊ စီ ဥပဒေ ခေါ် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဖြည့်စွက် ပြင်ဆင်လိုက်သည့် အချက်များသည် ဒီမိုကရေစီစနစ်နှင့် မလျော်ညီကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
ယခင်က ပြည်သူများဝင်ရောက် သွားလာခွင့် ပိတ်ပင်ထားခဲ့သည့် မန္တလေး နန်းမြို့ရိုးနှင့်ကျုံးရေပြင်အကြားရှိ မြေကွက်လပ်နေရာတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစ၍ ပြည်သူများအနေနှင့် အပန်းဖြေနားနေနိုင်ပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
ကိုလံဘီယာသမ္မတ ဂျူအန်းမန် နူရယ်ဆန်းတော့စ်က နယ်စပ်လုံခြုံရေး တင်းကျပ်လိုက်ပြီးနောက်တွင် ဗင်နီဇွဲလားပြည်သူ ထောင်ပေါင်းများစွာသည် ကိုလံဘီယာနယ်စပ်ကို ဖြတ်ကူးရန် သုတ်ခြေတင်နေကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ဒီမိုကရေစီကို နိုင်ငံသားအားလုံးရဲ့ ညီညွတ်မှုနဲ့မဟုတ်ရင် ဘယ်လိုမှ တည်ဆောက်လို့ မရနိုင်ပါဘူး။ အမြင်မတူခြင်းနဲ့ ရန် ငါ စည်းခြား သဘောထားခြင်း လုံးဝ မတူကြောင်း အလေးထားဖို့ လိုပါတယ်။ ရွေးကောက်ပွဲ ငါနိုင်တယ် ငါလုပ်မယ်ဆိုတာမျိုးက ဒီမိုကရေစီ ထွန်းကားမှ လုပ်လို့ဖြစ်နိုင်တဲ့ကိစ္စပါ။
သို့အတွက် လစာတိုးပေးရေးအိပ်မက်ကို အမှန်တကယ်မက်သူများအုပ်စုကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက အောက်ခြေအမှုထမ်း အဆင့်များကသာ ပို၍မက်ကြရသည့်သဘော ဖြစ်နေသည်။ နိုင်ငံတော်ဘဏ္ဍာငွေမှကျခံကာ ပေးကြရသူအချင်းချင်း နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများအကြား အမှန်တကယ်သာ ခွဲခြမ်းစိတ်ဖြာကြည့်လျှင် တရားမျှတမှု မရှိဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။