News

POST TAGGED AS

ပြည်ပအလုပ်အကိုင်

မြင်းခြံမြို့နယ်အတွင်းမှ ဒေသခံ အမျိုးသား ၄၄ ဦးနှင့် အမျိုးသမီးရှစ်ဦးကို တရုတ်နိုင်ငံသို့ တရားမဝင် ပို့ဆောင်ရန် ခေါ်ဆောင်လာသူနှစ်ဦးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညက မန္တလေးမြို့အထွက် ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ကြောင်း အုန်းချောနယ်မြေရဲတပ်ဖွဲ့ထံမှ သိရသည်။
မလေးရှားနိုင်ငံသို့ အလုပ်သမားသစ် စေလွှတ်ခွင့်ပြုနိုင်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်း အေဂျင်စီ ၅၈ ခု၏ စာရင်းကို ပေးပို့ထားကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအဖွဲ့ ချုပ် ( MOEAF) ထံမှ သိရသည်။
ရန်ကုန်တိုင်းအတွင်း ပြည်ပအကျိုးဆောင် လိုင်စင်မရှိဘဲ ပြည်ပသို့ လုပ်သား ပို့ဆောင်သူများကို အရေးယူထားသည့် အမှုသည် ယခင်နှစ်ထက် များလာကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဝေလွင်က ပြောကြားသည်။
ထိုင်း-မြန်မာနယ်စပ် တရားမဝင် မြန်မာလုပ်သား ၃၀ ကျော်ကို ပွဲစားနှင့်အတူ နိုဝင်ဘာလ ၆ ရက်က ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်မိုးခိုင်က ပြောကြားသည်။
ပြည်ပသို့ လုပ်သား ပို့ဆောင်ခွင့် လိုင်စင်မရှိဘဲ အွန်လိုင်းမှ လုပ်သားခေါ်ယူ ပို့ဆောင်နေသူ ၁၀ ဦးကို အောက်တိုဘာလအတွင်းက ခေါ်ယူသတိပေးပြီး ခံဝန်ကတိ ထိုးခိုင်းလိုက်ကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က ပြောကြားသည်။
မလေးရှားနိုင်ငံသို့ သီးသန့် စေလွှတ်နေသည့် အေဂျင်စီ ၅၀ ခန့် လုပ်ငန်းရပ်ဆိုင်းဖွယ်ရာ ကြုံတွေ့နေရသောကြောင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ စက်တင်ဘာ ဒုတိယအပတ်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုများ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။
အလုပ်သမား စေလွှတ်ခွင့် ရပ်ဆိုင်းထားသည့် မလေးရှားနိုင်ငံသို့ အလုပ်သမား ၉၀ဝ ကျော်ကို ပထမအကြိမ်အဖြစ် ဩဂုတ်လ ပထမအပတ်တွင် စေလွှတ်နိုင်မည်ဖြစ်ကြောင်း
တစ်ဦးလျှင် ငွေကျပ် ၃၈ သိန်းဖြင့် ဂျပန်နိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ ငွေများလိမ်လည်ရယူခဲ့သည့် အမျိုးသမီးကို ဖမ်းဆီးအရေးယူရန် ဧပြီလ ၂၉ ရက်နေ့က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှ အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
မလေးရှားနိုင်ငံသို့ အလုပ်သမား ထပ်မံ စေလွှတ်ရန် အဆင်သင့် မဖြစ်သေးဟု ဆိုသော မလေးရှားနိုင်ငံ မြန်မာသံရုံး၏ အကြောင်းကြားစာကြောင့် လတ်တလောတွင် မလေးရှားသို့ အလုပ်သမား ပြန်လည် စေလွှတ်ရန် စီစဉ်နေမှုကို ပယ်ဖျက်လိုက်ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ကိုရီးယားဘာသာ အရည်အချင်း စစ်စာမေးပွဲ ဝင်ခွင့်လျှောက်လွှာ ဝယ်ယူသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ပြည်ပ အလုပ်အကိုင် လမ်းညွှန်သင်တန်းကျောင်းတွင် မတ်လ ၂၁ ရက်မှ စတင်၍ လုံခြုံရေးအင်အား တိုးမြှင့်ချထားကြောင်း