News

POST TAGGED AS

ပြည်နယ်ဝန်ကြီး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးနှစ်ဦးဖြစ်သော ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို မြောက်ဦးမြို့နယ်မှ လုပ်ငန်းရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးတို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားကြောင်း တိုင်ကြားသူများက ပြောကြားသည်။
ဘဏ္ဍာငွေ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံရသည့် ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် ပတ်သက်၍ အဆင့်မြင့်ဈေးဆောက်မည့် မြို့နယ် ၅ ခုကို စစ်ဆေးပြီးဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောဆိုသည်။