News

POST TAGGED AS

ပြည်ခိုင်ဖြိုးပါတီ

ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည်
မန္တလေး၊ ဇူလိုင် ၅

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနှင့် တရားမျှတမှု ရှိမရှိသိရှိနိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

“ကော်မရှင်အပေါ်မှာ မယုံသော်လည်းပဲ ပြည်သူတွေမျှော်လင့်ထားသလို ဝင်ပြိုင်မယ်။ တိုင်းရင်းသားတွေကို အခွင့်အရေးပေးတဲ့အနေနဲ့ ပြည်နယ်တွေမှာတော့ ဝင်ပြိုင်မှာမဟုတ်ဘူး။ ကော်မရှင်ရဲ့ တရားမျှတမှုရှိမရှိ၊ လက်ရှိစီမံခန့်ခွဲနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ တရားမျှတခြင်း ရှိမရှိဆိုတာကို သိနိုင်ဖို့အတွက် ဝင်ပြိုင်မယ်”ဟု ၎င်းက ပြောဆိုသည်။

ဝင်ပြိုင်မည့်နေရာအတိအကျနှင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဦးသိန်းထွန်းဦးက ထပ်လောင်းပြောကြားသည်။ 

မြန်မာတစ်နိုင်ငံလုံးတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ ၈ ရက်နေ့တွင် ကြေညာထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ ပြည်သူ့လွှတ်တော်အတွက်လေးနေရာ၊ အမျိုးသားလွှတ်တော်အတွက် တစ်နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရှစ်နေရာ လစ်လပ်လျက်ရှိသည်။ 

M-05



FOLLOW US