News

POST TAGGED AS

ရွှေနန်းတော်ကျောင်း

မန္တလေးတွင် ခိုးဆိုးလုနှိုက်မှု ၂၀၀၀ နီးပါးဖမ်းဆီး
မန္တလေး၊ ဩဂုတ် ၂

မန္တလေးမြို့တော်လုံခြုံရေးအတွက် တိုင်းရဲတပ်ဖွဲ့မှူးရုံးက ရက် ၉၀ အထူးစီမံချက်တစ်ခု ဆောင်ရွက်လျက်ရှိရာ ပထမရက်သုံးဆယ်အတွင်းမှာပင် ခိုးဆိုးလုယက်မှုကျူးလွန်သူ ၂၀၀၀ နီးပါး ဖမ်းဆီးရမိထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး တင်ဇော်ထွန်းက ပြောကြားသည်။

“ဒီစီမံချက်စဆောင်ရွက်ပြီးနောက်ပိုင်း မူးယစ်မှုတွေလည်း တော်တော်ဖမ်းဆီးနိုင်ခဲ့တယ်”ဟု ၎င်းက ပြောဆိုသည်။ 

မန္တလေးတိုင်းရဲတပ်ဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ယင်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းနေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ စာရင်းများအရ ခိုးမှု၊ လုယက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ လောင်းကစားမှု၊ ပြည့်တန်ဆာမှု၊ မူးယစ်ရမ်းကားမှုနှင့် မော်တော်ယာဉ်အမှု စုစုပေါင်း ၁၈၁၂ မှု အထိ ဖော်ထုတ်နိုင်ကာ အမျိုးသား ၁၈၆၃ ဦး၊ အမျိုးသမီး ၃၇ ဦးတို့ကို အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲမှတ်တမ်းအရသိရသည်။

အဆိုပါရက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ်၊ ရောင်းဝယ်သုံးစွဲ စသည့် မူးယစ်ဆေးဝါးမှု ၄၇ မှုကို အရေးယူနိုင်ခဲ့ပြီး ကျပ် ၄၂၄ သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးနိုင်ခဲ့ပြီး လူ ၇၁ ဦးကိုလည်း စစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့၏ စာရင်းများအရသိရသည်။ 

M-04



FOLLOW US