POST TAGGED AS

နွေရာသီ

24-Jun-2018 tagged as နွေရာသီ
မိုးရာသီကာလ တိုတောင်းလာမှုနှင့်အပြိုင် နွေ၏အပူချိန်မှာ ကာလကြာရှည် မြင့်မားလာမှုကြောင့် မိုးခေါင်ရေရှားသော အညာဒေသများသာမက ရှမ်း၊ ကယား စသော တောင်ပေါ်ဒေသများနှင့် တိုက်ကြီး၊ လှည်းကူး စသော မြို့နယ်များတွင်ပါ သောက်သုံးရေ ရှားပါးပြတ်လပ်မှုများကို ရင်ဆိုင်လျက်ရှိသည်။ ရေရှားပါးသော ကျေးရွာများကို စေတနာအလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက သွားရောက်လှူဒါန်းလျက်ရှိကြရာ ရေ အလှူပေးနေသော ပုံရိပ်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မန္တလေးတိုင်းအတွင်း နေ့အပူချိန်များ မြင့်တက်လျက်ရှိရာ အပူလျှပ်မှု မဖြစ်ပေါ်စေရန်နှင့် အပူဒဏ်ခံစားရသူများ ခေတ္တနားခိုနိုင်မည့်နေရာများ ထားရှိရန် ညွှန်ကြားထားကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
နွေရာသီကာလ လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျေးရွာပေါင်းတစ်ရာကျော်တွင် သောက်သုံးရေရှားပါးမှုကို စတင်ရင်ဆိုင်နေရကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။