POST TAGGED AS

ကြေးနီစီမံကိန်း

ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွင်းရှိ လုံခြုံရေးရဲကင်းစခန်းကို ခရစ္စမတ်နေ့ (ဒီဇင်ဘာလ ၂၅ ရက်) ညက တုတ်၊ ဓားလက်နက်များကို ကိုင်ဆောင်ကာ ဝင်ရောက် တိုက်ခိုက်ခဲ့သူများကို အမှုဖွင့်ထားပြီး ယင်းဖြစ်စဉ်တွင် ကျူးလွန်သူများကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရန်နှင့် ဒေသခံများ၏ မြေယာဧက ၁၉၀ဝ ကို ဖော်ဆောင်ပေးရန် တောင်းဆိုနေသည့် မိုးကြိုးပြင်ရွာ သပိတ်စခန်း ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၂ နာရီခန့်က မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ရန်ကုန်မြို့ရှိ တရုတ်သံရုံးသို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ တိုင်ကြားစာ ပေးပို့ရန်လာသည့် လက်ပံတောင်းဒေသခံများကို ရဲအင်အား ၂၀ ခန့်က တားမြစ်ခဲ့ကြောင်း လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (ရန်ကုန်) မှ ကော်မတီဝင် ဒေါ်နော်အုန်းလှက ပြောကြားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် ဝမ်ပေါင်ကုမ္ပဏီကြောင့် ဒေသခံများ၏နစ်နာမှုကိုတင်ပြရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် နေပြည်တော်သို့လာသော လက်ပံတောင်းတောင် ဒေသခံများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အဝင်လမ်းရှိ လုံခြုံရေးဂိတ်တွင် တားဆီးခံရကြောင်း လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီထံမှ သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းထားခံရသည့် မြေဧက ၁၉၀ဝ ကို ပြန်လည်ပေးနိုင်ရန်အတွက် မြေလွတ်မြေရိုင်း ရှာဖွေမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောကြားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်စဉ် သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းသေဆုံးခြင်း ၃၄ လမြောက် အထိမ်းအမှတ်အဖြစ် သေဆုံးခဲ့သည့်နေရာတွင် လွမ်းသူပန်းခွေချကာ ဒေသခံများ ဂုဏ်ပြုခြင်းကို ယနေ့ (အောက်တိုဘာ ၂၂ ရက်) မွန်းလွဲပိုင်းက ပြုလုပ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်သည့် ဒေသခံတောင်သူများ၏ သပိတ်စခန်းကို ယနေ့ (အောက်တိုဘာ ၁၂ ရက်) နံနက် ၁ နာရီခွဲခန့်က လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဖြိုဖျက်ခဲ့သော်လည်း အသစ်ပြန်လည်ဖွင့်လှစ်ကာ တောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့သော ဒေသခံ တောင်သူ တစ်ရာကျော်သည် လယ်ယာမြေ အစားထိုးမြေဧက ၁၉၀ဝ ပြန်ရရန် စက်တင်ဘာလ ၂၉ ရက်နေ့က ဝမ်ပေါင် ကုမ္ပဏီရှေ့သို့ သွားရောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တန့်ပေးရန်နှင့် ယင်းဒေသရှိ ပြည်သူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ခံရမှုကို ကန့်ကွက်သည့် ဆန္ဒပြပွဲကို ယနေ့ (မတ်လ ၂၈ ရက်) ညနေပိုင်းတွင် ကမာရွက်မြို့နယ်၊ လှည်းတန်းဈေးအနီးတွင် ပြုလုပ်ခဲ့သည်။
မတ် ၂၆ ရက်နေ့က တိုင်းအစိုးရရဲ့ ညွှန်ကြားမှုနဲ့ ၀မ်ပေါင်ရဲ့ ကျောက်လုပ်ကွက်တွေ ပိတ်ပြီးတဲ့နောက် ဒေသခံတွေရဲ့ သပိတ်စခန်းတွေလည်း ယာယီ ပိတ်ခဲ့ကြပါတယ်။