News

POST TAGGED AS

မြေပြို

ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်နှစ်ခုတို့ ထိစပ်လျက်ရှိသော ကမ်းပါးတစ်ခု မေလ ၂၀ ရက်နေ့ ညနေ ၅ နာရီခန့်က ပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေသူနှစ်ဦး သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်​။
ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု၊ ဝှေခါမှော်တွင် မေလ ၄ ရက်နေ့ နံနက် ၃ နာရီခွဲခန့်က မောက်တောင်တစ်ခု မြေပြိုကျမှုကြောင့် ရေမဆေးသမား ၁၈ ဦး သေဆုံးခဲ့ပြီး ရှာဖွေကယ်ဆယ်မှုလုပ်ငန်းများကို မေလ ၄ ရက်နေ့ ညနေပိုင်းက အပြီးသတ် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ယင်းရှာဖွေရေး လုပ်ဆောင်သူများထံမှ သိရသည်။
ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝှေခါရွာတွင် ယနေ့ နံနက် ၃ နာရီခွဲခန့်က မောက်တောင်တစ်ခုပြိုကျခဲ့ပြီး ​ရေမ​ဆေး​ကျောက်​ရှာသူများပိမိ​ကာ သေဆုံးမှုများနိုင်​ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကန်ခါမှော်ရှိ စုပေါင်းမြေစာပုံပြိုကျမှုတွင် ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ၌ မြေနေရာမှာ အန္တရာယ်ရှိနေသောကြောင့် ရှာဖွေ ရေးလုပ်ငန်းများကို အပြီးတိုင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူများထံမှ သိရသည်။
လူပေါင်း ၄၀ နီးပါး ပျောက်ဆုံးနေသည့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကန်ခါမှော်ရှိ စုပေါင်းမြေစာပုံပြိုကျမှုတွင် ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် မတ်လ ၁၇ ရက်နေ့က မိုးရွာသွန်းပြီး မိုးသီးများကြွေကျခဲ့မှုကြောင့် အခက်အခဲရှိသည့်အတွက် ရှာဖွေရေးလုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူများထံမှ သိရသည်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကန်ခါမှော်ရှိ စုပေါင်းမြေစာပုံတစ်ခု မတ်လ ၁၆ ရက်နေ့ ည ၁၀ နာရီခွဲခန့်က ပြိုကျမှုကြောင့် ရေမဆေးသမား စုစုပေါင်း ၄၀ ဦးပတ်ဝန်းကျင်ခန့် ပျောက်ဆုံးလျက်ရှိကြောင်း ယင်းမြေစာပုံပြိုကျသည့်နေရာသို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ခါးအထိနစ်သော ရွှံ့များကြောင့် အနည်းဆုံး ၁၃ ဦး သေဆုံးသည်ဟု တာဝန်ရှိသူများက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
01-Nov-2017 tagged as ဖလမ်း မြေပြို
ချင်းပြည်နယ် ဖလမ်းမြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် လူနေအိမ်အနီး၌ မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ဖလမ်းမြို့နယ် လမ်းဦးစီးဌာနထံမှ သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာတွင် ယနေ့(သြဂုတ်လ ၆ ရက်) နံနက် ၄ နာရီခန့်က မြေပြိုကျရာမှ အိပ်ပျော်နေသည့် သားအမိနှစ်ဦး သေဆုံးခဲ့ကြောင်း နမ့်ခမ်းရဲစခန်းထံမှ သိရှိရသည်။