News

POST TAGGED AS

မြေပြို

မြဝတီတွင် မြို့နယ်စုပေါင်းအမှိုက်ပုံ မီးလောင်


ဘားအံ၊ ဧပြီ ၂၉

ကရင်ပြည်နယ် မြဝတီမြို့အမှတ် ၄ ရပ်ကွက် မြေနီကုန်းဇရစ်ချောင်းအနီးရှိ မြဝတီတစ်မြို့လုံး စွန့်ပစ်နေသည့်အမှိုက်ပုံ ဧပြီ ၂၈ ရက် ည ၆ နာရီခွဲခန့်က မီးလောင်ခဲ့ကြောင်း မြဝတီမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

“မနေ့ညကတည်း မီးသတ်တပ်ဖွဲ့တွေနဲ မီးငြှိမ်းသတ်နေတာ ခုမနက်မှာ မီးထိန်းနိုင်ပါပြီ။ အကြောင်းရင်းကို စုံစမ်းနေဆဲပါ”ဟု မြဝတီမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါမီးလောင်ရာနေရာသို့ မြဝတီခရိုင်မီးသတ်ဖွဲ့နှင့် နယ်မြေခံ မီးသတ်စခန်းများမှ မီးသတ်ရေယာဉ်များနှင့် ရေသည်ယာဉ်များ အထောက်ကူပြုရေယာဉ်များဖြင့် မီးငြှိမ်းသတ်နေရကြောင်း မီးသတ်တပ်ဖွဲ့မှ သိရှိရသည်။

R-15




FOLLOW US