News

POST TAGGED AS

မြေပြိုမှု

ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာ စွယ်တော်လမ်းတွင် ဇူလိုင်လ ၃၀ ရက် နံနက်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်စောင်းမြေပြိုကျသဖြင့် အိမ် ၅ လုံး ပေါ်ပိမိကာ လူ ၅ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာအနီးရှိ ဧရာရတနာ ကုမ္ပဏီလုပ်ကွက်ဟောင်းအနီး၌ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်က မြေပြိုမှုဖြစ်ပွားခဲ့ရာတွင် သေဆုံးခဲ့သူများအနက်မှ အလောင်း ၂၂ လောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ကူညီရှာဖွေရေး ဆောင်ရွက်သူများထံမှ စုံစမ်းသိရှိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကထန်မှော်ရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ဇူလိုင်လ ၁၄ ရက် နေ့ မွန်းလွဲ၂ နာရီခန့်က ဖြစ်ပွားခဲ့သည့် တောင်ကမ်းပါးယံပြိုကျမှုမှ မြေပိကာ သေဆုံးသည့် ရုပ်အလောင်းသုံးလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ယင်းမြေပြိုမှု ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ စုံစမ်းသိရှိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကထန်မှော်ရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက တောင်ကမ်းပါးယံပြိုကျမှုကြောင့် မြေပိကာပျောက်ဆုံးသွားသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် မြေပြင်အနေအထားအရ ဆက်လက်ရှာဖွေခြင်းမပြုဘဲ အပြီးရပ်ဆိုင်းထားကြောင်း ကူညီဆောင်ရွက်နေသည့် အဖွဲ့များထံမှ စုံစမ်းသိရှိရသည်။