News

POST TAGGED AS

မြောက်ပိုင်းမဟာမိတ်

မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်အချို့ကို တပ်ချုပ်တွေ့ဆုံ


နေပြည်တော်၊ ဇူလိုင် ၁၁

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ (တတိယအစည်းအဝေး) သို့ တက်ရောက်လာသော မြောက်ပိုင်းမဟာမိတ်အဖွဲ့ ခုနစ်ဖွဲ့မှ UWSA “ဝ” အဖွဲ့၊ NDAA (မိုင်းလား) အဖွဲ့၊ SSA (ဝမ်ဟိုင်း) အဖွဲ့နှင့် KIA အဖွဲ့များကို တိုင်းရင်းသားလက်နက်ကိုင်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံတွေ့ဆုံခဲ့သည်။

တအာင်း- ပလောင် (TNLA)၊ ကိုးကန့် (MNDAA) နှင့် AA (ရက္ခိုင့်တပ်မတော်) တို့ကို ဒုတိယတပ်ချုပ်က လက်ခံတွေ့ဆုံခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိပေ။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်ချုပ်နှင့်တွေ့ဆုံခဲ့သော လက်နက်ကိုင်အဖွဲ့မှ ပါဝင်သည့် KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်ကို သွားရောက်မေးမြန်းခဲ့ရာ “FPNCC ကော်မတီအနေနဲ့ပဲ ပြောပေးသွားပါမယ်။ အခုတစ်ဖွဲ့ချင်းအနေနဲ့ ပြောလို့မရသေးပါဘူး”ဟု ဖြေကြားခဲ့သည်။

ယင်းအဖွဲ့များနှင့် ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ရေးအရှိန်လျှော့ချရေးအတွက် ဆွေးနွေးသွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများကို ပြောကြားထားသည်။

ယင်းအပြင် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ဖြစ်သည့် UWSA၊ KIA၊ NDAA၊ SSPP/ SSA၊ TNLA၊ MNDAA နှင့် AA စသည့်အဖွဲ့များနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ဇူလိုင် ၁၂ ရက် ညနေပိုင်းတွင် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း သတင်းရရှိထားသည်။

S-01



FOLLOW US