News

POST TAGGED AS

မြောက်ကိုရီးယား

အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲပြီး ဆက်လက်လည်ပတ်နိုင်စေရန် မြောက်ကိုရီးယားအားကူညီရာတွင် ပါဝင်ခဲ့သော သင်္ဘော ၂၇ စင်း၊ ကုမ္ပဏီ ၂၁ ခု နှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက နာမည်ပျက်စာရင်းသွင်းခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။
ကိုရီးယားနှစ်နိုင်ငံအကြား ထိပ်သီးဆွေးနွေးပွဲကျင်းပရန် ပြင်ဆင်နေချိန်တွင် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား ကေပေါ့စတားများ မြောက်ကိုရီးယားတွင် သွားရောက်ဖျော်ဖြေခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ပထမဆုံးတရုတ်ပြည်ခရီးစဉ် အလွန်အမင်း အဆင်ပြေချောမွေ့ခဲ့သည်ဟူသော သတင်းကြားရပြီးနောက် အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က ကင်နှင့် တွေ့ဆုံရန် လွန်စွာဆန္ဒရှိနေပါသည်ဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံပိုင် မီဒီယာများ၏ အတည်ပြုရေးသားချက်များအရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မြို့တော်ဘေဂျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ကြောင်းနှင့် ထိုသို့တွေ့ဆုံရာတွင် မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရအနေနှင့် နျူကလီးယား ဖြုတ်သိမ်းရေးကိစ္စကို လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားပြီဖြစ်သည်ဟူသော အချက်ကို ကင်ဂျုံအန်းက သမ္မတရှီကျင့်ဖျင်အား အသိပေးပြောကြားလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အာဏာရလာပြီးနောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဘေဂျင်းသို့ သွားရောက်ခဲ့သည်ဟု ဂျပန်နှင့် အမေရိကန် မီဒီယာများက ရေးသားကြကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
လာမည့်ဧပြီလအတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှစ်ဦး ထိပ်သီးဆွေးနွေးပွဲမကျင်းပမီ ယခု မတ်လ ၂၉ ရက်နေ့၌ နှစ်နိုင်ငံ အစိုးရအရာရှိကြီးများ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်ဟု တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
စင်ကာပူကုမ္ပဏီနှစ်ခုသည် မြောက်ကိုရီးယားသို့ ဇိမ်ခံပစ္စည်းများတင်ပို့နေပြီး ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်လျက်ရှိကြောင်း ပေါက်ကြားလာသည့် ကုလသမဂ္ဂ အစီရင်ခံစာမူကြမ်းတွင် ဖော်ပြထားသည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ချက်ကို CIA ညွှန်ကြားရေးမှူး မိုက်ပွမ်ပေယိုက ခုခံကာကွယ်သွားခဲ့ပြီး သမ္မတသည် အရဲစွန့်ရမှုကိုနားလည်ထားသည်ဟု ပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှုများ ဆိုင်းငံ့ထားမည့် ကတိကဝတ်ကို စောင့်ထိန်းလိမ့်မည်ဟု ယူဆကြောင်း ပင်ဆယ်ဗေးနီးယား ဆွေးနွေးပွဲတွင် ပြောကြားလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် ခေါင်းဆောင်လေး ကင်ဂျုံအန်း၏ ဖအေတူမအေကွဲ အစ်ကို ကင်ဂျုံနန်ကို ကွာလာလမ်ပူလေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ရာတွင် VX ဓာတုပစ္စည်းကို အသုံးပြုခဲ့သည်ဟု အမေရိကန်အစိုးရက ဆုံးဖြတ်ကြောင်း DW သတင်းတွင်ဖော်ပြထားသည်။