News

POST TAGGED AS

မြောက်ကိုရီးယား

အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံခြင်းသည် သမိုင်းဝင်နေ့ရက်အဖြစ် တရုတ်က ချီးကျူးခဲ့ကာ ကိုရီးယားကျွန်းဆွယ်တွင် အပြည့်အဝ နျူကင်းစင်ရေးဖြစ်စေချင်ကြောင်း တောင်းဆိုခဲ့သည်ဟု AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
သမ္မတဒေါ်နယ်ထရမ့်နှင့် လူငယ်ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းတို့ စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင် ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးအတွက် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်သလို အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေးအတွက်လည်း ခေတ်သစ်တစ်ခု သို့မဟုတ် အခန်းသစ်တစ်ရပ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတကာမီဒီယာအများစုက တူညီစွာရေးသားဖော်ပြကြသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ဟာ ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားဖြုတ်သိမ်းရေးအတွက် လုပ်ဆောင်သွားကြမည့်အကြောင်း သဘောတူညီချက်တစ်ရပ်ကို သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲအပြီးမှာ လက်မှတ်ရေးထိုးလိုက်ကြပြီဖြစ်ပါတယ်။
စင်ကာပူနိုင်ငံသို့ရောက်ရှိနေသော အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယား အစိုးရအရာရှိကြီးများသည် ၎င်းတို့၏ ခေါင်းဆောင်နှစ်ဦးဖြစ်သော ဒေါ်နယ်ထရမ့်နှင့်ကင်ဂျုံအန်းတို့၏ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ မစတင်မီ တစ်ရက်အလို ဇွန်လ ၁၁ ရက် (တနင်္လာနေ့) က တွေ့ဆုံကာ နှစ်နိုင်ငံအကြားတွင်ရှိသည့် မတူကွဲပြားခြားနားမှုများ အနည်းဆုံးဖြစ်သွားအောင် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း၊ ယင်းဖြစ်ရပ်သည် ခေတ်ကာလတစ်ခု အပြောင်းအလဲပင်ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella Hotel တွင်ကျင်းပပြုလုပ်သော အမေရိကန်-မြောက်ကိုရီးယား သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ အခမ်းအနားစတင်ချိန်၌ သမ္မတဒေါ်နယ်ထရမ့်နှင့် ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံကာ ဦးစွာလက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။
စင်ကာပူနိုင်ငံတွင် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့၏ ထိပ်သီးဆွေးနွေးပွဲ မစတင်မီ တောင်ကိုရီးယားဂျာနယ်လစ်များကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
လာမည့်သီတင်းပတ်အတွင်း အမေရိ ကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်းတို့၏ ထိပ်သီးဆွေးနွေးပွဲသည် စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့၏ သမိုင်းဝင်ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူနိုင်ငံတွင် လာမည့်ဇွန်လ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ၉ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်ဟု အမေရိကန်အိမ်ဖြူတော်က သတင်းထုတ်ပြန်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
ဆီးရီးယားနိုင်ငံ၏ အာဏာရှင် သမ္မတဟု သတ်မှတ်ခံထားရသူ ဘာရှာအာဆတ်သည် မြောက်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် မကြာမီ အလည်အပတ်သွားရန် စီစဉ်လျက်ရှိသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်ကို BBC သတင်းဌာနက ကိုးကားဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားလက်နက် စွန့်လွှတ်လိုသည့် အရိပ်အယောင်များ ပြသလျက်ရှိသော်လည်း ဆိုက်ဘာ တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု အမေရိကန်ပြည်ထောင်စု ပြည်တွင်း လုံခြုံရေး အကြံပေးပုဂ္ဂိုလ်က စွပ်စွဲပြောကြားလိုက်ကြောင်း VOA သတင်းဌာနက ရေးသား ဖော်ပြသည်။