News

POST TAGGED AS

မြောက်ကိုရီးယား

မြောက်ကိုရီးယားက အမေရိကန်၏ အလာစကာပြည်နယ်အထိ ရောက်ရှိနိုင်သည်ဟု ယူဆရသော တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုဖြင့် တုံ့ပြန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
ဂျပန်ပင်လယ်အတွင်းသို့ ဦးတည်ကာ မြောက်ကိုရီးယားက တာလတ်ပစ် ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်သည်ဟု အမေရိကန်စစ်ဘက်က ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားကို မဟာဗျူဟာမြောက် သည်းခံခဲ့သောနှစ်များ ပြီးဆုံးသွားပြီဖြစ်ရာ ယခုစိတ်ပိုင်းဖြတ်၍ လက်တုံ့ပြန်ရတော့မည့်အချိန် ဖြစ်သည်ဟု ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယား ဒုံးကျည်နှင့် နျူကလီးယားစမ်းသပ်မှု အရေးအခင်းသည် အမျိုးသားလုံခြုံရေးအတွက် အရေးပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်စ် ပြောကြားချက်ကို ကိုးကားလျက် Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ပဲ့ထိန်းလမ်းညွှန်စနစ်သုံး ဒုံးကျည်သစ်တစ်မျိုး စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီး နောက်ထပ် မဟာဗျူဟာမြောက် ဖျက်စွမ်းအားကြီးသော လက်နက်များကို စမ်းသပ်ရန် ညွှန်ကြားလိုက်သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ကြေညာကြောင်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် လေယာဉ်ပစ် လက်နက်စနစ်သစ် တစ်ရပ် စမ်းသပ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့ပြီး ယင်းလက်နက်စနစ်မျိုး အမြောက်အမြား ထုတ်လုပ်ရေးနှင့် နိုင်ငံနေရာအနှံ့ဖြန့်ကာ တပ်ဆင်ရေးအတွက် အမိန့်ပေးထားကြောင်း နိုင်ငံပိုင်KCNA သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယား အဓိက သူလျှိုအေဂျင်စီတွင် ယူနစ် ၁၈၀ ဟု ခေါ်သော အထူးတပ်ဖွဲ့တစ်ခု ရှိနေပြီး အားအကောင်းဆုံးနှင့် အအောင်မြင်ဆုံး ဆိုက်ဘာတိုက်ခိုက်မှုအချို့ကို လုပ်ဆောင်ခဲ့ဖွယ် ရှိကြောင်း တောင်ကိုရီးယားဘက်သို့ ခိုလှုံလာသူများ၊ တာဝန်ရှိသူများနှင့် အင်တာနက် လုံခြုံရေး ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ၎င်းတို့နိုင်ငံရှိ ပြုံးယမ်းဘောလုံးသင်တန်းကျောင်းမှနေ၍ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီထက် အရည်အချင်း သာလွန်သည့် ကစားသမားများ ထွက်ပေါ်လာစေရမည်ဟု ကတိပြု ပြောကြားလိုက်ကြောင်း Marca က ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံ အနေနှင့် အခြေအနေအရပ်ရပ် မှန်ကန်မှုရှိမှသာ အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးမည် ဖြစ်သည်ဟု မြောက်ကိုရီးယား ထိပ်တန်းသံတမန်တစ်ဦးက ထုတ်ဖော်အသိပေးလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
မေလ ၁၄ ရက်နေ့ အစောပိုင်းတွင် မြောက်ကိုရီးယားက နိုင်ငံအနောက်မြောက်ပိုင်းမှ ပဲ့ထိန်းဒုံးကျည် ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ခဲ့သည်ဟု CNN သတင်းဌာနက ဖော်ပြသည်။