News

POST TAGGED AS

မြောက်ကိုရီးယား

ပြီးသွားသည့် စနေ၊ တနင်္ဂနွေတွင် မြောက်ကိုရီးယားနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသွားရောက်မည့် ခရီးစဉ်ကို သမ္မတဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်ပြီး ပြုံယမ်း၏ အနီးကပ် မဟာမိတ် တရုတ်နိုင်ငံသည်လည်း နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိစ္စတွင် ဖိအားပေးနိုင်ခြင်းမရှိခဲ့ဟု ဝေဖန်ထိုးနှက်လိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
ကိုရီးယားစစ်ပွဲကြောင့် နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ကွဲကွာခဲ့သော မိသားစုဝင်များ ပြန်လည်တွေ့ဆုံပွဲတွင် အသက် ၉၂ နှစ်အရွယ်မိခင်နှင့် အသက် ၇၁ နှစ်အရွယ်သားဖြစ်သူတို့ ၎င်းတို့၏ဘဝတွင် ပထမဆုံးပြန်လည်တွေ့ဆုံခွင့်ရ သွားသည့်သတင်းမှာ ကိုရီးယားနှစ်နိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်လည်း စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့ကြောင်း Independent သတင်းစာက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းက ပြင်းထန်စွာဝေဖန်ရှုတ်ချလိုက်သည်ဟု နိုင်ငံပိုင်မီဒီယာကထူးခြားစွာ သတင်းဖော်ပြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က မိမိနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ထပ်မံတွေ့ဆုံမည့်ကိစ္စမှာ လွန်စွာဖြစ်နိုင်ခြေများသည်ဟု တနင်္လာနေ့ကထုတ်ဖော်ပြောကြားပြီး နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးဆိုင်ရာ ကြိုးပမ်းချက်များကို ကာကွယ်ပြောဆိုလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။
ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာသွားခဲ့ရသော မိသားစုဝင်များ ပြန်လည်တွေ့ဆုံပွဲကို တနင်္လာနေ့က နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြုလုပ်ပေးခဲ့ရာ တောင်ကိုရီးယားနိုင်ငံမှ သက်ကြီးရွယ်အို ၁၀၀ ခန့်မှာ မြောက်ကိုရီးယားနိုင်ငံထဲသို့ သွားရောက်ကာ ၎င်းတို့၏ မိသားစုဆွေမျိုးများနှင့် ဆုံတွေ့ခွင့်ရရှိလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ် လုံးဝရပ်ဆိုင်းရေးအတွက် အမေရိကန်ဘက်မှ ဖိအားဆက်ပေးရန် ကြိုးစားနေမှုကြောင့် ယင်းကဲ့သို့ လူဆိုးဓားပြဆန်ဆန် အရေးယူပိတ်ဆို့မှုများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ထိုးနှက်ဝေဖန်ပြောဆိုလိုက်သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက သောကြာနေ့တွင် ကြေညာသွားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် မြောက်ကိုရီးယားနိုင်ငံသို့ လာမည့် စက်တင်ဘာလအတွင်း သွားရောက်လည်ပတ်ပြီး လူငယ်ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။
မြောက်ကိုရီးယားက ၎င်းနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကိုရုပ်သိမ်းပေးခြင်း မပြုသည့်အတွက် အမေရိကန်ကို ပြစ်တင်ဝေဖန်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ဂျပန်နိုင်ငံ သမိုင်းကြောင်းတွင် မည်သို့မျှ မေ့ဖျောက်၍မရနိုင်သော ဟီရိုရှီးမားမြို့ အဏုမြူဗုံးကြဲတိုက်ခိုက်ခံရမှု ၇၃ နှစ်ပြည့် အထိမ်းအမှတ်နေ့ အခမ်းအနားကို ဩဂုတ်လ ၆ ရက်နေ့က တိုကျိုမြို့ အနောက်ဘက်တွင် လူထောင်ပေါင်း များစွာနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြောင်း ဂျပန်သတင်းဌာနများက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို ရပ်ဆိုင်းမှုမပြုသေးဘဲ ဆက်လက်အကောင်အထည်ဖော် လုပ်ကိုင်နေဆဲပင်ဖြစ်သည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အစီရင်ခံစာသစ်တစ်စောင်က ဆိုကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။