News

POST TAGGED AS

မြောက်ကိုရီးယား

မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား စီမံကိန်းများကြောင့် တင်းမာမှု မြင့်တက်နေစဉ်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့များသည် ကွန်ပျူတာဖြင့် သရုပ်ဖော် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို သြဂုတ်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
ပစိဖိတ်ဒေသရှိ အမေရိကန် နယ်နိမိတ်တစ်ခု ဖြစ်သော ဂူအမ်ကျွန်းကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မည့် အစီအစဉ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားဘက်က စတင်တိုက်ခိုက်မည် မဟုတ်ဟု ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းက ဆုံးဖြတ်ခဲ့ခြင်းသည် အသိဉာဏ်အမြော်အမြင် ရှိသော ဆုံးဖြတ်ချက် ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချီးမွမ်းပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိ ကန်နယ်နိမိတ် ဂူအမ်ကျွန်းကို ဒုံးကျည်များဖြင့် ပစ်လွှတ်တိုက်ခိုက်မည့် အစီအစဉ်အား ခေါင်းဆောင်ကင်ဂျုံအန်းက စစ်ဆေးခဲ့သော်လည်း မြောက်ကိုရီးယားဘက်မှ စတင် တိုက်ခိုက်မည်မဟုတ်ကြောင်း နိုင်ငံပိုင် မီဒီယာ၏ဖော်ပြချက်ကို ကိုးကား၍ BBC သတင်းကဖော်ပြသည်။
တရုတ်အထည်ချုပ် လုပ်ငန်းအချို့သည် နယ်စပ်တစ်ဖက်ခြမ်းရှိ မြောက်ကိုရီးယား စက်ရုံများတွင် လုပ်သားဈေးချိုမှုကို အခွင့်ကောင်းယူ အသုံးချမှု မြင့်တက်လာနေကြောင်း နယ်စပ်မြို့ တန်တုံရှိ ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းများက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဂူအမ်ကျွန်းတွင်ရှိသော အမေရိကန်ပြည်ထောင်စုပိုင် နယ်နိမိတ်ကို တစ်စုံတစ်ခု ပြုလုပ်လာမည် ဆိုပါက မြောက်ကိုရီးယား အနေနှင့် ကြီးမားသည့် ပြဿနာနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က သတိပေးလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်နှင့် အာရှမဟာမိတ်များ ကာလရှည် စိုးရိမ်နေခဲ့သလိုပင် မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်ကို သေးငယ်အောင်လုပ်ပြီး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွင် နျူကလီးယားထိပ်ဖူးတပ် ပစ်လွှတ်နိုင်စွမ်း ရှိလာပြီဆိုသော သတင်းများ ပေါ်ထွက်လာချိန်နှင့် နှစ်ဖက်အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ချိန်ကလည်း တိုက်ဆိုင်နေခဲ့သည်။
အမေရိကန် နယ်နိမိတ် ဖြစ်သလို အခြေစိုက် စစ်စခန်းလည်း ရှိသည့် ပစိဖိတ်သမုဒ္ဒရာအတွင်းမှ ဂူအမ်ကျွန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် စဉ်းစားနေကြောင်း မြောက်ကိုရီးယားက တရားဝင် ထုတ်ပြန်ခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
ကုလသမဂ္ဂ ဒဏ်ခတ်အရေးယူမှု ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ရေးဆွဲခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စုအနေနှင့် ကြေးကြီးကြီး ပြန်လည် ပေးဆပ်ရအောင် လက်တုံ့ပြန်သွားမည်ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များ ပြုလုပ်နေသည့် ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံအပေါ် အပြင်းထန်ဆုံးသော ဒဏ်ခတ်အရေးယူမှုသစ်များ ချမှတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယမန်နေ့က သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ‘အရူး’၊ ‘ခွေးမသား’ } ဖြစ်သည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ဝေဖန်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။