News

POST TAGGED AS

မြောက်ကိုရီးယား

မြောက်ကိုရီးယားနိုင်ငံကို နောက်ထပ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် ကြိုးစားခြင်းသည် အသုံးမဝင်သည့် အလုပ်တစ်ခုကိုသာ လုပ်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားတို့သည် နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ခြင်းထက် မြက်စားရမည့် ကိစ္စကိုသာ ရွေးချယ်မည့် သဘောတွင် ရှိသည်ဟု ဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံကို နောက်ထပ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် ကြိုးစားခြင်းသည် အသုံးမဝင်သည့် အလုပ်တစ်ခုကိုသာ လုပ်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားတို့သည် နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ခြင်းထက် မြက်စားရမည့် ကိစ္စကိုသာ ရွေးချယ်မည့် သဘောတွင် ရှိသည်ဟု ဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အင်အားအလွန်ပြင်းထန်သည့် နျူကလီးယား စမ်းသပ်မှုကြီးကို လုပ်ဆောင်ပြပြီး စစ်ပွဲဖြစ်ရန် တောင်းခံလျက်ရှိသည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီလာလေက စွပ်စွဲပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားက ဟိုက်ဒြိုဂျင်ဗုံးစမ်းသပ်ဖောက်ခွဲခဲ့ပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့တွင် တောင်ကိုရီးယားက မြောက်ကိုရီးယားဒုံးကျည်စခန်းနှင့် ကင်ဂျုံအန်းအစိုးရကို ချေမှုန်းသည့်အသွင် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်ပြီး တုံ့ပြန်ခြိမ်းခြောက်ခဲ့ကြောင်း CNN သတင်းဌာနကဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံသို့ အမေရိကန် နိုင်ငံသားများ သွားရောက်လည်ပတ်ခွင့် ပိတ်ပင်မှုသည် ဒုံးကျည်ပစ်ခတ်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်ဒေသ တင်းမာမှု အလွန်အမင်း မြင့်တက်နေချိန်တွင် စတင် သက်ဝင်လာပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားအကြား ဖြစ်ပေါ်နေသော လိပ်ခဲတည်းလည်းဖြစ်မှုသည် ဧရာမ ပဋိပက္ခကြီးဖြစ်ရန် နီးစပ်လျက်ရှိသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ရန်စမှုများနှင့် ခြိမ်းခြောက်မှုများ ပိုမိုများပြားလာချိန်တွင် ဂျပန်နိုင်ငံက အမေရိကန် ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်သစ်တစ်ခုကို တပ်ဆင်ရန် ကြိုးပမ်းလျက်ရှိကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ဂျပန်နိုင်ငံပေါ်မှ ဒုံးကျည်ကျော်ပစ်ခြင်းသည် အမေရိကန်နယ်နိမိတ် ဂူအမ်ကျွန်းကို ပစ်မှတ်ထားသော စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ရန် ကနဦး ခြေလှမ်းသာ ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက သတိပေးခဲ့ကြောင်း CNN တင်းဌာနက ဖော်ပြသည်။
မထိအောင်ပစ်သော ဒုံးကျည်တစ်စင်းသည် နိုင်ငံရေးမဟာဗျူဟာ ရွှေ့ကွက်တစ်ကွက်ထက်မပို။ သို့သော်လည်း ကင်ဂျုံအန်းအစိုးရ၏ မိုက်ရူးရဲဆန်သော ရန်စမှုများ၊ ထရမ့်၏ လက်လွှတ် စပယ်အပြောအဆိုများသည် တောင်ကိုရီးယားနှင့် ဂျပန်ပြည်သူများကို တုန်လှုပ်ချောက်ချားစေသည်ကတော့ အမှန်ပင်ဖြစ်သည်။
မြောက်ကိုရီးယားက ဂျပန်နိုင်ငံအပေါ် ဒုံးကျည်ကျော်ပစ်ပြီး နာရီပိုင်းအကြာတွင် တောင်ကိုရီးယားလေတပ်က မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းကို ဗုံးကြဲတိုက်ခိုက်သည့်အသွင် ကျည်အစစ်ဖြင့် စစ်ရေး လေ့ကျင်ခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။