POST TAGGED AS

မြောက်ကိုရီးယား

ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကြောင့် ကုလသမဂ္ဂက ပြင်းထန်သော ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံတွင် ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများ သိသိသာသာ မြင့်တက်သွားကြောင်း ဈေးကွက်သတင်းအချက်အလက်များကို Reuters သတင်းဌာနက လေ့လာဆန်းစစ်ကာ ရေးသားဖော်ပြသည်။
မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံ၏ နျူကလီးယား ခြိမ်းခြောက်မှုများ ပိုမိုကြီးမားလာသည့်အတွက် ကိုရီးယားကျွန်းဆွယ်ဒေသတွင် ယင်းနိုင်ငံကို ဆန့်ကျင်ကန့်ကွက်သည့် သဘောဖြင့် ပြုလုပ်သော စစ်ရေးလေ့ကျင့်မှုကြီးများလည်း များပြားလာကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယား၏ နောက်ဆုံးအကြိမ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုအပြီးတွင် ထရမ့် အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်များအကြား ကင်ဂျုံအန်း၏ နျူကလီးယားထိပ်ဖူးများနှင့် ပဲ့ထိန်းဒုံးကျည်များကို ဟန့်တားရန် စစ်ရေးအင်အားကို မည်သို့မည်ပုံ အသုံးပြုရမည်ဆိုသည့် ကိစ္စမှာ ပြန်လည်ဆွေးနွေးစရာ ဖြစ်လာခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ အနေနှင့် အမေရိကန်ပြည်ထောင်စုနှင့် စစ်အင်အားချင်း ညီမျှမှု ရှိအောင် လုပ်ဆောင်သွားရန် ဦးတည်ထားသလို နျူကလီးယား အစီအစဉ်ကိုလည်း ပြီးပြည့်စုံသည်အထိ အကောင်အထည်ဖော်သွားမည် ဖြစ်သည်ဟု ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံအပေါ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် ဒဏ်ခတ်အရေးယူမှုများ ထွက်ပေါ်လာအောင် ပံ့ပိုးခဲ့သည့် ဂျပန်နိုင်ငံ၊ ဂျပန်ကျွန်းကို နှစ်မြှုပ်ပစ်ကာ အမေရိကန်ပြည်ထောင်စုကို ပြာပုံနှင့် မှောင်အတိဖုံးအောင် နျူကလီးယားလက်နက်များဖြင့် တိုက်ခိုက်သွားမည် ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့သော မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုသစ်များ ထပ်မံပြဋ္ဌာန်းလိုက်ပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်သည် တစ်ကမ္ဘာလုံးအတွက် အန္တရာယ် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပေရာ ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုတစ်ရပ် ပြုလုပ်ရန် လိုအပ်သည်ဟု NATO စစ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဂျန်းစ်စတိုလန်ဘဂ်က သတိပေးချက် ထွက်ပေါ်လာကြောင်းနှင့် အကယ်၍ ဝါရှင်တန်အစိုးရက ပိုမိုတင်းကျပ်သည့် ကုလသမဂ္ဂ ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်လာမည် ဆိုပါက အမေရိကန်ပြည်ထောင်စုအပေါ် ကြီးမားသည့် အနာတရဖြစ်အောင် လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယား အစိုးရက သတိပေးလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည် အစီအစဉ်ကြောင့်ဖြစ်နေသော တင်းမာမှုများသည် လတ်တလောနှစ်များအတွင်း ကမ္ဘာ့အဆိုးဆုံး အကျပ်အတည်းကြီး တစ်ခုဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယိုဂူတာရီးစ်က သတိပေးပြောကြားလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့် နျူကလီးယား သိပ္ပံပညာရှင်များကို မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းက ဧရာမ အခမ်းအနားကြီးဖြင့် ချီးကျူးဂုဏ်ပြုပွဲ ကျင်းပပေးခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ကြေညာသည်။
မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်နိုင်ရေးနှင့် ယင်းနိုင်ငံသို့ ရေနံရောင်းချမှု ပိတ်ပင်ရေး အပါအဝင် ကုလသမဂ္ဂ ဒဏ်ခတ်အရေးယူမှုသစ်များ ထပ်မံပြဋ္ဌာန်းနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက အဆိုပြုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။