News

POST TAGGED AS

မြောက်ကိုရီးယား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တို့သည် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ရေး အလားအလာကို ဆွေးနွေးခဲ့ကြသည်ဟု နှစ်ဖက်စလုံးက အင်္ဂါနေ့က ပြောကြားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေနှင့် မြောက်ကိုရီးယားနိုင်ငံထံမှ လက်နက်သစ်ဝယ်ယူမှုများ မရှိတော့ကြောင်း သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။
မြောက်ကိုရီးယားသည် ၎င်းကိုပိတ်ပင်ထားသော ဒုံးပျံဆိုင်ရာ ဆက်စပ်ပစ္စည်းနှင့် ဓာတုလက်နက်ပစ္စည်းများကို ဆီးရီးယားသို့ပို့ဆောင်ပြီး မြန်မာနိုင်ငံသို့လည်း ပိတ်ပင်ထားသော ဒုံးကျည်စနစ်များ တင်ပို့ခဲ့သည်ဟု ကုလသမဂ္ဂမှ ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း VOA သတင်းတစ်ရပ်က ဆိုသည်။
တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းတွင်ကျင်းပသော သံတမန်ရေးလွှမ်းမိုးသည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ အငြင်းပွားဖွယ် မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူတို့ တက်ရောက်ခဲ့ကြကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။
မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးမှု မှန်သမျှတွင် နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးကို နောက်ဆုံးရည်မှန်းချက်အဖြစ် ပါဝင်ရမည်ဟု အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားအရေးတွင် ပူးပေါင်းဆောင်ရွက်မှုများ ထိခိုက်အောင် အမေရိကန်တို့က ပြုလုပ်နေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ဆောင်းရာသီအိုလံပစ် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်မည့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို တင်ဆောင်လာသော ယာဉ်တန်းကိုပိတ်ဆို့ရန် တောင်ကိုရီးယားဆန္ဒပြသူများက ကြိုးစားခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယားအပေါ် အကြီးကျယ်ဆုံး အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော ဆောင်းရာသီ အိုလံပစ်ပွဲတော်သို့ တက်ရောက်လာသော မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့အတွက် ကုန်ကျစရိတ်များကို တောင်ကိုရီးယားဘက်က ပေးမည့်အစီအစဉ်ကို အစိုးရက သဘောတူလိုက်ပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
၂၀၁၈ ဆောင်းရာသီအိုလံပစ်ပွဲတော်သို့ တက်ရောက်လာသော ကိုယ်စားလှယ်အဖွဲ့ကို ကောင်းမွန်စွာဆက်ဆံခဲ့သည့် တောင်ကိုရီးယားနိုင်ငံကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး အနာဂတ်တွင်လည်း ထိုသို့ရင်းနှီးနွေးထွေးသည့် အခြေအနေမျိုးကို ဆက်လက်ထိန်းသိမ်းထားရန် တိုက်တွန်းလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ရေးသားဖော်ပြသည်။