News

POST TAGGED AS

မြောက်ကိုရီးယား

ပြုံယမ်းမှာ မြောက်ကိုရီးယားရာ ရိုးရာအိုလံပစ်ပြိုင်ပွဲ ကျင်းပလျက်ရှိ
မြောက်ကိုရီးယား ရိုးရာအားကစားနည်း အချို့ကို အခြေခံထားတဲ့ အားကစားပွဲတော် တစ်ခုကို မြောက်ကိုရီးယား နိုင်ငံအတွင်း ကျင်းပလျက် ရှိပါတယ်။

အိုလံပစ် အားကစားနည်း အချို့လည်း ပါဝင်ယှဉ်ပြိုင်ကြပေမယ့် မြောက်ကိုရီးယားနိုင်ငံအတွင်း အားကစားပွဲတော်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ Sea-saw ပြိုင်ပွဲ ဖြစ်ပါတယ်။

ယနေ့ခေတ် ကလေးအားကစားကွင်းတွေမှာ တွေ့ရလေ့ရှိတဲ့ ဒီကစားနည်းတွေကို မြောက်ကိုရီးယားက ရိုးရာအားကစားပွဲအဖြစ် ထည့်သွင်းယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအတွင်း ၁၃ ကြိမ်မြောက် အားကစားပွဲလို့ အမည်ပေးထားပြီး ပြုံယမ်းမှာရှိတဲ့ Moran Hill Park မှာ ကျင်းပနေတာ ဖြစ်ပါတယ်။ ရေကူးပြိုင်ပွဲတွေ၊ ပြေးခုန်ပစ်ပြိုင်ပွဲတွေအစား ရိုးရာအားကစားပွဲတွေကိုသာ အသားပေး ကျင်းပတာနေတာပါ။

နာမည်ကျော် Sea-saw ပြိုင်ပွဲဟာ ပြိုင်ပွဲဝင်နှစ်ဦး ပါဝင်ယှဉ်ပြိုင်ရပြီး ပြိုင်ပွဲချိန် နှစ်မိနစ်အတွင်း သတ်မှတ်ထားတဲ့ အမြင့်ကို ရောက်အောင် ခုန်ရမှာ ဖြစ်ပါတယ်။

ခုန်ပြီးပြန်ကျလာတဲ့အခါ သတ်မှတ်ထားတဲ့ စည်းအတွင်းသာ ပြန်ကျလာအောင် စွမ်းဆောင်ရတဲ့ ကစားနည်းပါ။ ဒီကစားနည်းဟာ ကိုရီးယား ဂျိုဆောင်ခတ်တုန်းက နာမည်ကျော်တဲ့ နန်းတွင်းကစားနည်းလို့ သိရပါတယ်။ အခြားအိုလံပစ် ကစားနည်း အချို့လည်း ပြိုင်ပွဲမှာ ထည့်သွင်းထားပြီး အောက်တိုဘာ ၃၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Mirror



FOLLOW US