News

POST TAGGED AS

မြောက်ကိုရီးယား

အရေးယူပိတ်ဆို့ရန် အိုဘားမား၏ တွန်းအားပေးမှုသည် ရယ်စရာဟု မြောက်ကိုရီးယား လှောင်ပြောင်
ပြုံယမ်း၊ စက်တင်ဘာ ၁၁

မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ ငါးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု အပြီးတွင် အရေးယူပိတ်ဆို့ရန် အမေရိကန်ပြည်ထောင်စုက တွန်းအားပေးနေမှုသည် ရယ်စရာ ကောင်းကြောင်းနှင့် နျူကလီးယားအင်အား ခိုင်မာတောင့်တင်းလာအောင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

“အဓိပ္ပာယ်မရှိတဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့တော့ ဒီကနေ့အထိ အိုဘားမားရဲ့ အုပ်စု ပြေးလိုက်လွှားလိုက်၊ တွေ့ဆုံဆွေးနွေးလိုက်နဲ့ လုပ်နေကြတာဟာ ရယ်စရာကောင်းပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေး ပြောကြားကြောင်း အစိုးရအာဘော် KNCA သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများကို အာခံကာ ငါးကြိမ်မြောက်နှင့် အကြီးမားဆုံး နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် အမေရိကန် အထူးကိုယ်စားလှယ်က ဝါရှင်တန် အနေနှင့် ပြုံယမ်းအပေါ် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုများ ချမှတ်သွားဖွယ် ရှိသည်ဟု တနင်္ဂနွေနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။   



FOLLOW US