News

POST TAGGED AS

မြောက်ကိုရီးယား

မြောက်ကိုရီးယား တာဝေးပစ်ဒုံကျည် ဂျပန်လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုံထဲ ကျရောက်

မြောက်ကိုရီးယား ရေငုပ်သင်္ဘောက ၃၁၁ မိုင် အကွာအဝေးရောက်ရှိသည့် တာဝေးပစ်ဒုံးကျည်တစ်လုံး ဂျပန်နိုင်ငံသို့ ယနေ့(သြဂုတ် ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့)တွင် စမ်းသပ်ပစ်ခတ်ခဲ့သည်။


ဂြိုလ်တုမှ ရရှိသည့် ပုံရိမ်များအရ ရေငုပ်သဘောင်္မှာ မြောက်ကိုရီးယားနိုင်ငံ ဆင်ပိုမြို့ ကမ်းရိုးတန်းအနီးတည်ရှိ ပြီး ဒုံကျည်ကို ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲက ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ကိုရီးယားကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။


ဒုံးကျည်မှာ ဂျပန်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုံထဲသို့ ပထမဦးဆုံးအကြိမ်ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဂျပန် အစိုးရအတွင်းဝန်ချုပ် ယိုရှိဟီဒီဆူဂါက ဆိုသည်။ ဒုံးကျည်ရောက်ရှိသည့် အကာအဝေးသည် မြောက်ကိုရီးယား၏ ရေငုပ်သဘောင်္ တာဝေးပစ်ဒုံကျည် ပစ်ခတ်မှု စနစ် တိုးတက်လာခြင်းကို ပြသနေသည်ဟု ဒုံကျည်ဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။


“မြောက်ကိုရီးယားရဲ့ ရေငုပ်သဘောင်္ တာဝေးပစ်ဒုံကျည် နည်းပညာဟာ တိုးတက်လာတယ်ဆိုတာပြသလိုက်တာပဲ” ဟု တောင်ကိုရီးယား တပ်မတော်အရာရှိများက ပြောဆိုသည်။

ယခုပစ်ခတ်လိုက်သည့် ဒုံကျည်မှာ KN-11 ရေငုပ်သဘောင်္ တာဝေးပစ် ဒုံးကျည်အမျိုးအစား ဖြစ်သည်ဟု ယုံကြည်ပြီး မိုင်ပေါင်း ၃၀၀ ခန့် ပျံသန်းသွားခဲ့သည်ဟု အမေရိကန် မဟာဗျူဟာ ကွပ်ကဲရေးဌာနက အတည်ပြုပြော ကြားသွားခဲ့သည်။


မြောက်ကိုရီးယား၏ စမ်းသပ်ပစ်ခတ်မှုသည် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ နှစ်စဉ် ပြုလုပ်နေကျ စစ်ရေးပူးတွဲလေ့ကျင့်မှုအပြီး နှစ်ရက်အကြာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၌ ပြုလုပ်သော အဆိုပါ စစ်ရေးပူးတွဲလေ့ကျင်မှုသည် ကျူးကျော်တိုက်ခိုက်မှု ပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟူသော စွပ်စွဲချက်ဖြင့် မြောက်ကိုရီးယားက ကန့်ကွတ်ခဲ့သည်။

စမ်းသပ်ပစ်ခတ်မှုကို ကန့်ကွတ်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ အပေါ် နောက်ထပ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန်လည်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက သတိပေးခဲ့သည်။


မြောက်ကိုရီးယားနိုင်ငံ၏ စမ်းသပ်ပစ်ခတ်မှုသည် ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပမည့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမည့်ရက်နှင့် တစ်နေ့တည်းလည်းဖြစ်သည်။


Source: Reuter
Photo Credit: KCNA/via Reuter




FOLLOW US