News

POST TAGGED AS

မြေလွတ်

ယခင်အစိုးရလက်ထက်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုပေးခဲ့ပြီး သတ်မှတ်ကာလ လေးနှစ်ပြည့်သည်အထိ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေဧက စုစုပေါင်း ၈၂၁၈၂၉ ဒသမ ၁၆ ဧကကို ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ထုတ်ပြန်သည်။
စက်မှုဇုန်များအတွင်းရှိ အသုံးမပြုဘဲ ချန်ထားသည့် မြေလွတ်များကို အကောင်အထည်ဖော်ရန် ၂ နှစ်နီးပါးအချိန်ပေးထားပြီး ယင်းအချိန်ကျော်လွန်ပါက ရန်ကုန်တိုင်းအစိုးရအနေနှင့် မြေပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။