News

POST TAGGED AS

မြေယာ

စပါးမျိုးစေ့ဖွံ့ဖြိုးရေး ဂျာမနီနှင့် သဘောတူလက်မှတ်ရေးထိုး
ရန်ကုန်၊ ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးမျိုးစေ့ ဖွံ့ဖြိုးရေးစီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် ဂျာမနီအခြေစိုက် Welt Hunger Hilfe (WHH) နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ (Partner Agreement) သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

WHH နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့အကြား မျိုးစေ့ဖွံ့ဖြိုးရေး စီမံကိန်းတွင် လိုအပ်သည့် နည်းပညာနှင့် မျိုးကောင်းမျိုးစေ့များ ထောက်ပံ့ပေးနိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ရန် ဩဂုတ်လ ၁၇ ရက်နေ့က WHH rS Senior Seed Business Advisor Mr.Andreas Graf နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကျော်တို့ နားလည်မှုစာချွန်လွှာ (MoU)  လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

“မျိုးစေ့ထုတ်မယ့်သူတွေအတွက် အန်ကယ်တို့က ထုတ်လုပ်မှုနည်းပညာ စာအုပ်လုပ်ပေးရမယ်။ ဈေးကွက်အပိုင်းမှာ ဆန်စပါးအသင်းချုပ်က ဆက်စပ်မှုရှိတဲ့အတွက် ဈေးကွက်ချိတ်ဆက်ပေးဖို့တွေ၊ ဟောပြောပွဲတွေလုပ်ဖို့ ဒါတွေကို WHH နဲ့ ဆန်စပါးအသင်းချုပ် ပူးပေါင်းဆောင်ရွက်မှာပါ”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကျော်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်လျက်ရှိသည့် မျိုးစေ့ထုတ်စီမံကိန်းကို WHH က ပြည်တွင်း၊ ပြည်ပ မျိုးစေ့ကုမ္ပဏီ ၅၀ ခန့်ထဲမှ ကုမ္ပဏီ ၆ ခုခန့်ကို ရွေးချယ်၍ မျိုးစေ့ကုမ္ပဏီများအတွက် လိုအပ်သည့် မျိုးစေ့သန့်စင်စက်များ၊ သိုလှောင်စနစ်များ၊ သွင်းအားစုများ၊ နည်းပညာများနှင့် စီမံခန့်ခွဲမှုနည်းလမ်းများကို ဆန်စပါးအသင်းချုပ်နှင့်ပူးပေါင်း၍ WHH က ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

J-11




FOLLOW US