News

POST TAGGED AS

မြေယာ

ပဲခူးတိုင်းအစိုးရ မြေယာပြဿနာ ၄၆၀ ကျော် ဖြေရှင်းပေးပြီးဟုဆို
တောင်ငူ၊ ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပေါ်ခဲ့သည့် မြေယာပြဿနာ ၇၁၀ ခုအနက် ၄၆၀ ကျော်ကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြော ကားသည်။

သိမ်းဆည်းမြေဧက ၂၂,၆၆၄ ဒသမ ၃၈ ဧကရှိသည့်အနက် ယခင်အစိုးရလက်ထက်က ၂၅၇ ဒသမ ၄၃ ဧက ပြန်လည်ပေးအပ်ခဲ့ပြီး ယခုအစိုးရလက်ထက်အတွင်း ၂၀,၈၆၂ ဧကကို ပိုင်ရှင်ထံ ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းကဲ့သို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေယာပြဿနာများ ဖြေရှင်းပေးနေသည်ဟု ဆိုသော်လည်း ပဲခူးမြို့ အဆိတ်တောင်ကျေးရွာရှိ လယ်မြေဧက ၄၀ ကျော်အတွက် လယ်ယာမြေပိုင်ဆိုင်ခွင့်လက်မှတ် ပုံစံ ၇ ထုတ်မပေးခြင်းကို အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း ဖြေရှင်းမပေးကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။

R-15



FOLLOW US