News

POST TAGGED AS

မြေယာ

ဖျာပုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးဇေယျာမင်းသိန်းတင်သွင်းသည့် စားကျက်မြေနှင့် အခြားလယ်ယာမြေ ပြဿနာများကို ရှုပ်ထွေးအောင်၊ မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသူနှင့် အဖွဲ့အစည်းများကို စီမံချက်ချကာ စုံစမ်းဖော်ထုတ် အရေးယူပေးရေး အဆိုကို မေလ ၂၅ ရက်တွင် ဧရာဝတီတိုင်း လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
17-May-2018 tagged as သီလ၀ါ မြေယာ
သီလဝါဆိပ်ကမ်းရှိ ဦးပိုင်ကုမ္ပဏီအောက်ရှိ ပင်လယ်ရေကြောင်းလန်းပီကုမ္ပဏီနှင့် ဒေသခံများ၏ မြေအငြင်းပွားမှု၌ ရဲတပ်ဖွဲ့ ၁၅၀ ခန့်ဖြင့် အင်အားသုံး၍ ဖြေရှင်းမှုအပေါ် နိုင်ငံတော်သမ္မတနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ဥပဒေနှင့်အညီ တင်ပြသွားမည်ဖြစ်ကြောင်း ဒေသခံ လယ်သမားအများစုက ပြောကြားသည်။
သီလဝါဆိပ်ကမ်းရှိ အငြင်းပွားမြေနှင့်ပတ်သက်၍ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးကော်မတီက စစ်ဆေးပြီးမှသာ ဖြေရှင်းပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း လယ်သမား ဦးရဲမြင့်က ပြောကြားသည်။
10-May-2018 tagged as မကွေး မြေယာ
မကွေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံခဲ့ရသည့်မြေများမှ ၁၀ ရာခိုင်နှုန်းခန့်သာ မူလပိုင်ရှင်များ ပြန်လည်ရရှိကြောင်း ယင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီထံမှ သိရသည်။
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်းရှိ မြေယာသိမ်းဆည်းခံထားရသည့် တောင်သူ ၁၀၀ နီးပါးက နစ်နာကြေးရယူလိုကြောင်း မေလ ၁ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြပွဲ ဦးဆောင်သူများထံမှ သိရသည်။
02-May-2018 tagged as တနင်္သာရီ မြေယာ
တနင်္သာရီတိုင်းအတွင်းရှိ မြေဧက တစ်သိန်းခွဲနီးပါးအား စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လိုသူများ စုံစမ်းလျှောက်ထားနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ် အိုင်ဇောက်ကျေးရွာဘက်ကမ်းရှိ မြေနုကျွန်းကို ရာသီချိန်အမီ လုပ်ကိုင်ခွင့်ပြုရန် တိုင်းဒေသကြီးအစိုးရထံ တင်ပြတောင်းဆိုထားကြောင်း မြေယာမဲ့တောင်သူများက ပြောကြားသည်။
စစ်တွေမြို့၏ ကုလားတန်မြစ်၌ အစိုးရနှင့် BXT International Co., Ltd. တို့ ပူးပေါင်းကာ မြေဖို့မြေယာဖော်ထုတ်ရေး စီမံကိန်းကြောင့် လက်ခတ်လှေသမားများ ဆိုက်ကပ်နေရာဝေးခြင်းနှင့် ကုန်တင်ကုန်ချခက်ခဲခြင်းတို့ ရင်ဆိုင်နေရကြောင်း လှေသမားများက ပြောသည်။