News

POST TAGGED AS

မြေစလစ်အတု

မန္တလေးမြို့တော် စည်ပင်နယ်နိမိတ်အတွင်းရှိ မြေကွက်လွတ်အချို့ကို မြေစလစ် (မြေချထားမိန့်စာရွက်) အတုဖြင့် လိမ်လည်ရောင်းချမှုများ ရှိနေသောကြောင့် မြေကွက်အလွတ်များကိုဝယ်ယူရာ၌ သတိထားရန် မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက သတိပေးပြောဆိုသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ဂရန်လျှောက်ထားသူများအနက် မြေစလစ်အတုများ ပါဝင်နေခြင်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။