News

POST TAGGED AS

အော်စကာ

အကြိမ် ၉၀ မြောက် အော်စကာဆုပေးပွဲကျင်းပ၊ The Shape of Water အကောင်းဆုံးဇာတ်ကားဆု ရရှိ


လော့စ်အိန်ဂျယ်လိစ်၊ မတ် ၅

အမေရိကန်ရုပ်ရှင်ဆိုင်ရာ အနုပညာဆု၊ အတတ်ပညာဆုများတွင် အမြင့်ဆုံးလို့ တစ်ကမ္ဘာလုံးက ယူဆစိတ်ဝင်စားခြင်းခံရသည့် အော်စကာဆုပေးပွဲကို ယမန်နေ့က ကျင်းပခဲ့ရာမှာ The Shape of Water ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု ဆွတ်ခူးသွားခဲ့သည်။

အဆိုပါဇာတ်ကားကို ဖန်တီးရိုက်ကူးထားတဲ့ ဒါရိုက်တာ ဂူလာမိုဒယ်တိုရိုလည်း အကောင်းဆုံးဒါရိုက်တာဆု ရရှိသွားခဲ့သည်။

“မက္ကဆီကိုမှာ မွေးဖွားကြီးပြင်းခဲ့သူ တစ်ဦးအနေနဲ့ ဒီလိုဆုရဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ခုတော့ဖြစ်လာခဲ့ပါတယ်”ဟု ဒယ်တိုရိုက ပြောကြားခဲ့သည်။

The Shape of Water ရုပ်ရှင်ကားသည် ဆုလေးဆု ဆွတ်ခူးသွားခဲ့သည်။ ယင်းဇာတ်ကားသည် ပြီးခဲ့သည့် ဗင်းနစ် ရုပ်ရှင်ပွဲတော်တွင် Golden Lion ဆု ရရှိခဲ့သေးသည်။ 

ဆုပေးပွဲတွင် အခမ်းအနားတင်ဆက်သူက လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုများ ပြုလုပ်ခဲ့သော ဟာဗေးဝိန်းစတိန်းကဲ့သို့သော ရုပ်ရှင်လောကမှ နာမည်ကြီး ဩဇာကြီးသော ပုဂ္ဂိုလ်ကြီးများကို လူသိထင်ရှား နာမည်တပ်ကာ ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်။

F-02






FOLLOW US