News

POST TAGGED AS

အောင်မြေသာယာစေတီ

စစ်ကိုင်းတိုင်းတွင် လေပြင်းကြောင့် နေအိမ် ၁၀၀၀ ကျော် ပျက်စီး
မုံရွာ၊ မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယမန်နေ့ညနေပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ကနီ၊ ကန့်ဘလူ၊ ကလေးဝကလေး၊ ဖောင်းပြင်၊ မော်လိုက်၊ ကသာ၊ ကောလင်း၊ ရေဦး၊ ရွှေဘို၊ ခင်ဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ တမူး၊ မင်းကင်း၊ ကသာခရိုင်နှင့် စစ်ကိုင်းမြို့နယ်တို့မှ နေအိမ်နှင့် သာသနိကအဆောက်အအုံ စုစုပေါင်း ၁၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတိုင်းဦးစီးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။

“အပျက်အစီးရှိတဲ့မြို့နယ်တွေကို ထောက်ပံမှုတွေလုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

လေပြင်းဒဏ်ကြောင့် နေအိမ်ပျက်စီးခဲ့သူများကို ဌာန၏ သတ်မှတ်နှုန်းထားများအတိုင်း ထောက်ပံ့ရေးပစ္စည်းများကို စတင်ထောက်ပံ့ပေးနေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ထို့ပြင် ယမန်နေ့ညနေက လေပြင်းတိုက်မှုကြောင့် ကသာမြို့နယ်၊ ငါးတဲရွာ အုပ်စု၊ ငါးတဲလေးရွာမှ အသက် ၇၅ နှစ် အရွယ် အမျိုးသမီးတစ်ဦး ကွမ်းသီးပင်ပိကာသေဆုံးခဲ့ရကြောင်း အမှတ် ၂ မဲဆန္ဒနယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောကြားသည်။

အလားတူ ရွှေဘိုမြို့နယ်တွင် မေလ ၉ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ်အချို့ပျက်စီးကာ သစ်ပင်များလည်း ကျိုးကျခဲ့ကြောင်း ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

R-08/ R-09



FOLLOW US