News

POST TAGGED AS

အောင်ရဲထွေး

တောင်ငူတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦးတွေ့
တောင်ငူ၊ ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရွှေဆံတော်ဘုရား အနောက်ဘက်မုခ်အနီး ကွမ်းယာဆိုင်တစ်ဆိုင်တွင် ဇူလိုင်လ ၂၆ ရက်နေ့ ည ၆ နာရီခွဲခန့်က အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု တောင်ငူအမှတ် ၂ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

“သံသယတရားခံ အမျိုးသားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ သေဆုံးသူက အသက် ၅၀ လောက်ရှိပြီး အိမ်ယာမဲ့တစ်ယောက်လို့ သိရပါတယ်”ဟု အမှတ် ၂ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဓားဒဏ်ရာများဖြင့် သေဆုံးနေသူမှာ အသက် ၅၀ အရွယ်ရှိ ဦးမြင့်ဝင်းဆိုသူဖြစ်ပြီး ၎င်းနှင့်သွားလာတတ်သူများအနက် သံသယရှိသူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း တောင်ငူမြို့အမှတ် ၂ နယ်မြေရဲစခန်းမှ (ပ) ၆၇၈/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်နေသည်ဟု အဆိုပါရဲစခန်းမှစုံစမ်းသိရှိရသည်။

R-15



FOLLOW US