POST TAGGED AS

အောင်ရဲထွေး

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးဟန်ထူးနှင့် ၆ ဦးက သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုကို တရားစွဲခံရသူများ၏ မိဘများထံမှ လာဘ်ငွေ ကျပ်သိန်း ၇၂၀ နှင့် တံစိုးလက်ဆောင်များကိုရယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောကြားသည်။
09-Aug-2018 tagged as အောင်ရဲထွေး
ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု အမှုရုပ်သိမ်းထားခြင်းနှင့်ပတ်သက်၍ အတည်ပြုသင့်၊ မသင့်ကို ဩဂုတ်လ ၂၉ ရက်နေ့တွင် နှစ်ဖက် လျှောက်လဲချက် ကြားနာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားစီရင်ရေးဌာနခွဲမှ ၎င်းတို့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဟာသသရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုမှ အမှုရုပ်သိမ်းပြီး လွတ်မြောက်ခွင့်ရခဲ့သူ သန်းထွဋ်အောင် (ခ) သားကြီးအပါအဝင် သုံးဦးသည် သမ္မန်စာဆင့်ခေါ်မှု အရ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံသို့ လာရောက်သတင်းပေးပို့ခဲ့သည်။
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှ အမှုရုပ်သိမ်းပြီး လွတ်မြောက်ခွင့်ရခဲ့သည့် သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် သုံးဦးကို စီအိုင်ဒီက ဩဂုတ်လ ၅ ရက် (ယနေ့)တွင် ခေါ်စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
ဟာသသရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုမှ နောက်ခံအကြောင်းအရာများနှင့် အခြားဆက်နွှယ်ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိကျစွာစိစစ်ပြီး ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့က ကိုင်တွယ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။
သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုကို ခရိုင်တိုင်းတရားလွတ်တော်သို့ ရာဇဝတ်ပြင်ဆက်မှု လျောက်ထားခဲ့ခြင်းကို တိုင်းတရားလွတ်တော်က ပြန်လည်ကြားနားမည်ဟု ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ သတင်းနှင့်ပြန်ကြားရေး အရာရှိ တရားရေးဌာန ဒုညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောကြားသည်။
သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုတွင် သံသယရှိသူ တရားခံသုံးဦးကို လွှတ်ပေးကာ အမှုရုပ်သိမ်းခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးအမိန့်ကို ပြန်လည်ဖယ်ရှားကာ ဆက်လက်စစ်ဆေးရန် တိုင်းဒေသကြီး တရားလွှတ်တော်တွင် ပြင်ဆင်ချက် ပြန်တင်သွားမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
နှစ်သစ်ကူးည ကလပ်တွင် အုပ်စုဖွဲ့ ရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့သည့် ဟာသသရုပ်ဆောင် အောင်ရဲထွေး၏အမှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားလိုဘက်မှ အမှုပြန်လည်ရုပ်သိမ်းပေးရန် ဆန္ဒပြုစာတင်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။