News

POST TAGGED AS

ဟောင်ကောင်

၂၀ အရွယ် ဂျော်ရွှေဝေါင်သည် စမတ်ဖုန်းကို စွဲလမ်းသူ ဖြစ်သည်။ လူက ပိန်ပိန်ပါးပါး မျက်မှန်ကတပ်ထားသေးသည်။ ဟောင်ကောင်လူငယ်များထဲတွင်တော့ အလွန်ရိုးသားသည့် အသွင်ပေါက်နေသော လူငယ်တစ်ဦး ဖြစ်သည်ဟု ဆိုရမည်။ သူက တရုတ်ဆန့်ကျင်ရေး ကာတွန်းရုပ်များ ပါသည့် တီရှပ်ကိုပင် ဝတ်ချင်ဝတ်ထားတတ်သည်။
09-May-2017 tagged as ဟောင်ကောင်
ပလတ်စတစ် နာရီထုတ် စက်ရုံတွင် သူသည် တစ်ရက်လျှင် ၁၆ နာရီ အလုပ်လုပ်ရသည်။ အသက် ၁၄ နှစ်သားလောက် ကတည်းက ဘဝနာခဲ့ရသူ တစ်ယောက်မှာ ယနေ့အာရှ၏ အချမ်းသာဆုံး သူဌေးကြီးတစ်ယောက် ဖြစ်နေသည်။ ယနေ့ သူပိုင်ဆိုင်ချမ်းသာသမျှမှာ ဒေါ်လာ ဘီလီယံ ၃၀ ခန့်ရှိသည်။ ဘဝတွင် ရာစုတစ်စု၏ လေးပုံတစ်ပုံခန့်ကာလ အတွင်း ဘီလီယံကြွယ် သူဌေးကြီးဖြစ်အောင် ကြိုးစားခဲ့သည်။ လမ်းဘေးစုတ်ပြတ်နေသည့် ဘဝက အာရှသူဌေးကြီး ဖြစ်အောင် ကြိုးစားစွမ်းဆောင်ခဲ့သူမှာ ဟောင်ကောင်သူဌေးကြီး လီကာရှင်း ဖြစ်သည်။
ဘေဂျင်း၏ သြဇာကြီးထွားလာမှုကို ကန့်ကွက်ဆန္ဒပြမှုများနှင့် ဒီမိုကရေစီကို ပိုမိုတောင်းဆိုမှုများ ဖြစ်ပေါ်နေချိန်တွင် ဟောင်ကောင် ရွေးကောက်ပွဲအနိုင်ရ ပထမဆုံး အမျိုးသမီးခေါင်းဆောင်က ကွဲပြားမှုကို ကုစားရန် ဆုံးဖြတ်ထားကြောင်း ပြောကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
06-Oct-2016 tagged as ဟောင်ကောင်
ကမ္ဘာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ လူငယ်တစ်ဦး အနေနှင့် အာရုံစိုက်ခြင်း ခံလာရသော ဟောင်ကောင်မှ ကျောင်းသား ဂျိုရှုဝေါင်အား ထိုင်းနိုင်ငံမှာ အာဏာပိုင်များသည် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရ ဖမ်းဆီးထိန်းသိမ်းထားပြီး ဟောင်ကောင်ကို ပြန်ပို့ရန် စီစဉ်လျက်ရှိကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။