News

POST TAGGED AS

သွေးလွန်တုပ်ကွေး

ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူလူနာမှာ သုံးရာကျော်ရှိလာပြီး ငါးဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန် တိုင်းဒေသကြီးသည် လူဦးရေ ထူထပ်များပြားသည့်အတွက် ကူးစက်ရောဂါများနှင့် ပတ်သက်လျှင် ထိပ်ဆုံး၌ ရှိနေဦးမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က ပြောကြားသည်။
ဘယ်လိုရာသီပဲဖြစ်ဖြစ် ကလေးက အဖျားကြီးတယ်၊ မှိန်းတယ်၊ မစားဘူး၊ မသောက်ဘူး၊ ကိုယ်လက် ကိုက်ခဲတယ်ဆိုရင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်တယ်ဆိုတာ မိဘရော ဆရာဝန်ပါ သတိထားရပါမယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ နှစ်ထောင်ကျော်ရှိနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော် (ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ နှိမ်နင်းရေးဌာန) က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားပြီး သေဆုံးမှု တဖြည်းဖြည်းပိုများလာကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ယခု နှစ်မိုးရာသီတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ၅ လကျော် ကာလအတွင်း ၇၀ဝ နီးပါးခန့် ရောက်ရှိနေကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကပ်ရောဂါအသွင်ဖြင့် နေရာကွက်ကျား ဖြစ်ပွားနိုင်ခြေရှိရာ လက်ရှိအချိန်အထိ ကလေး ၂၀ဝ ကျော် ဖြစ်ပွားနေကြောင်း မန္တလေးတိုင်း ရောဂါပိုးမျိုး သယ်ဆောင်ကာ ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ငှက်ဖျား) ဌာနခွဲထံမှ သိရသည်။