News

POST TAGGED AS

သောက်ရေသန့်

မိတ္ထီလာကန်ရေသည် မြို့ခံလူထုအတွက် အဓိက သောက်သုံးရေ အရင်းအမြစ် ဖြစ်သကဲ့သို့ ဒေသတွင်း လယ်သမားများ၏ စိုက်ပျိုးရေ အရင်းအမြစ်လည်း ဖြစ်ပေသည်။ သို့ရာတွင် မိတ္ထီလာဒေသ၏ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်များ ပြောင်းလဲလာမှုနှင့် ဒေသခံလူများ၏ နေထိုင်မှု ပုံစံ ပြောင်းလဲလာမှုများကြောင့် မိတ္ထီလာကန်ရေ၏ ညစ်ညမ်းမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာခဲ့သည်။
19-Jul-2017 tagged as သောက်ရေသန့်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် သောက်ရေသန့် လုပ်ငန်းလေးခုကို ဇူလိုင်လ ၁၈ ရက်နေ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးရာတွင် FDA ထောက်ခံချက်မရရှိဘဲ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လုပ်ငန်းများ ရပ်နားထားရန် ပိတ်ပင်အရေးယူခဲ့ကြောင်း မိတ္ထီလာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ကျော်သန်းရွှေက ပြောကြားသည်။
04-Apr-2017 tagged as သောက်ရေသန့်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ် တောင်ဘက်ခြမ်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာအများစုတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို လက်ရှိတွင် အဆိုးရွားဆုံး ရင်ဆိုင်နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။
29-Jan-2017 tagged as FDA သောက်ရေသန့်
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ရန်ကုန်တိုင်းအတွင်း လုပ်ငန်းထောက်ခံချက် မရှိဘဲ ထုတ်လုပ် ရောင်းချလျက်ရှိသည့် သောက်ရေသန့်လုပ်ငန်း ခြောက်ခုကို တရားစွဲဆိုထားကြောင်း FDA ၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။