News

POST TAGGED AS

သောက်သုံးရေ

ရခိုင်ပြည်နယ်တွင် ၇ နှစ်ကျော်အတွင်း ကျပ် ၁၈၃ ဘီလီယံကျော် မူးယစ်ဆေးဝါးဖမ်းမိ
စစ်တွေ၊ မေ ၃

ရခိုင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်၊ မေလ ၁ ရက်အထိ ကျပ် ၁၈၃ ဘီလီယံ (ကျပ်သိန်း ၁၈၃၀,၀၀၀) ကျော်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီထံမှ သိရသည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများအနက် စိတ်ကြွဆေးပြား သန်း ၆၀ ကျော်ဖြင့် အများဆုံးဖမ်းမိပြီး ဆေးခြောက်၊ ဒိုင်ရာဇီပင်ထိုးဆေး တစ်သိန်းနှစ်သောင်းကျော်နှင့် ဆေးခြောက်၊ ဗျူပရီနော်မင်း၊ အယ်ပရာဇိုလမ်၊ အက်ဖီဒရင်း အပါအဝင် အခြားသော မူးယစ်ဆေးတို့ကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။ 

မူးယစ်ဆေးဝါးများနှင့်အတူ ပါဝင်ပတ်သက်သော အမှုပေါင်း ၆၃၁ မှုအား ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ ကျူးလွန်သူ ၁၀၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီနှစ်အတွင်း လေးလပဲရှိသေးတယ်။ အခြားနှစ်တွေနဲ့ယှဉ်ရင် မနည်းတော့ဘူး။ အမှုလည်း ၆၉ မှုတောင်ရှိနေပြီ တော်တော် ဖမ်းမိထားပြီလို့ ဆိုရမှာပဲ” ဟု စစ်တွေမြို့ဒေသခံ ဦးဝင်းသန်းကပြောသည်။

R-22



FOLLOW US