News

POST TAGGED AS

သောက်သုံးရေ

မိုင်းဆတ်တွင် မူးယစ်ဆေးများ ဖမ်းမိ


ကျိုင်းတုံ၊ ဧပြီ ၂၂ 

ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ် မိုင်းဆတ်-တာချီလိတ်လမ်း လွယ်ပါရင် (၂) ကျေးရွာအနီးတွင် ဧပြီလ ၂၁ ရက် နံနက်ပိုင်းက VIGO ယာဉ်ကို စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများနှင့်အတူ ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း မိုင်းဆတ်မြို့ အမှတ် (၂၉) မူးယစ်တပ်ဖွဲ့စုထံမှ သိရသည်။ 

မိုင်းတွမ်းကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ ဦးစိုင်းမာ မောင်းလာသည့် VIGO ယာဉ်ကိုစစ်ဆေးရာ စိတ်ကြွဆေးပြား ရိုက်နှိပ်ရာတွင် အသုံးပြုသည့် သံမိုလေးချောင်းကို တွေ့ရှိကြောင်း၊ ၎င်းနေထိုင်သည့် ဝမ်ပုံကျေးရွာ နေအိမ်ဂိုဒေါင်ထဲမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ အပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို ထပ်မံဖမ်းမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

“မော်တော်ယာဉ်တွေကို လမ်းမှာ စစ်ဆေးချိန်က နောက်ပြန်လှည့်ပြီး မောင်းပြေးလို့ သေနတ်နဲ့ တစ်ချက်ပစ်လိုက်ရတယ်၊ ကားကို မှန်သွားပေမယ့် လူထိခိုက်ဒဏ်ရာတော့ မရသွားပါဘူး”ဟု ၎င်းက ဆိုသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦးစိုင်းမာ (၄၄ နှစ်) ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မများဖြင့် အရေးယူထားကြောင်း မိုင်းတွမ်း နယ်မြေရဲစခန်းထံမှ သိရသည်။  

R-16



FOLLOW US