News

POST TAGGED AS

သောက်သုံးရေ

ရေအရှားပါးဆုံးဒေသဖြစ်သော မကွေးတိုင်း ချောက်မြို့နယ် သဘွတ်ကုန်း ကျေးရွာအုပ်စုမှ ဒေသခံ တောင်သူများသည် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် ယင်းရွာရှိ ဧက ၅၀ ကျယ်သည့် သောက်ရေကန်ပြန်လည်ပြုပြင်ပေးရန် တောင်းဆိုကြောင်း ယင်းဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာ ၁၅ ရွာတွင် သောက်သုံးရေရှိရေးဆောင်ရွက်ရန် ကျပ်သန်း ၂၂၀ ကျော် သုံးစွဲထားကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်က ပြောကြားသည်။
သောက်သုံးရေရရှိရေး အပါအဝင် အချက် ၇ ချက်ကို ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့နေဒေသခံများက နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူထံ တောင်းဆိုခဲ့ကြောင်း ရိခေါဒါမြို့အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ပူးချန်းလျန်နာက ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူနှင့် မင်းပြားမြို့နယ်ရှိ ကျေးရွာအချို့တွင် သောက်သုံးရေနည်းပါးလာပြီး အခက်အခဲကြုံနေကြောင်း ဒေသခံများထံမှသိရသည်။
မန္တလေးတိုင်းအတွင်း ယခုနှစ် ရေရှားပါးပြတ်လပ်နေသော ကျေးရွာ ၁၁ ရွာရှိကြောင်း တိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
မရမ်းကုန်းမြို့နယ်တွင် ယခုနှစ်ဆန်းမှစ၍ မြို့လုံးကျွတ် ရေရရှိရေး စီမံကိန်း လုပ်ဆောင်လျက်ရှိပြီး စီမံကိန်းပြီးစီးပါက ရေဂါလန် ၈ သိန်းပိုမိုရရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်း (အင်ဂျင်နီယာဌာန) မှ အကြီးတန်းတာဝန်ရှိတစ်ဦးက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဒေသခံများ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ကျပ်သိန်း ၅၅၀၀ ကျော် အသုံးပြုကာ ကွီနမ့်ကိုင်ချောင်းရေမှ ရေကို သွယ်ယူမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ပြောသည်။
မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် သုံးမွှာတာချောင်းကျေးရွာရှိ မိုးရေလှောင်ကန်နှစ်ကန်မှာ ရေခန်းခြောက်နေသဖြင့် ရက်ပိုင်းအတွင်း သောက်သုံးရေပြတ်လပ်မည့် အနေအထားနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
နွေရာသီကာလ လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျေးရွာပေါင်းတစ်ရာကျော်တွင် သောက်သုံးရေရှားပါးမှုကို စတင်ရင်ဆိုင်နေရကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ဧရာဝတီတိုင်းတွင် သောက်သုံးရေသန့်ရရှိစေရန် ဂျပန်အစိုးရက ရွေ့လျားရေသန့် စက်ယာဉ်ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောကြားသည်။