News

POST TAGGED AS

သေနတ်

လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းတစ်ခု၏ အမည်နာမဖြင့် တည်ထောင်ရန် ကြံစည်နေသော ဝန်ကြီးဟောင်း၏သားဖြစ်သူ ACE ကုမ္ပဏီပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦးကို ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်ရုံးဝန်းရှိ စစ်ကြောရေးအခန်းတွင် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ် မိုင်းယောင်းမြို့နယ် ဝမ်ဝိန်းမိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၂၄ ရက် နံနက် ၃ နာရီခွဲခန့်က ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မိုင်းယောင်းမြို့မရဲစခန်းထံမှ သိရသည်။
06-Aug-2017 tagged as သေနတ် မှုခင်း H1N1
မော်တော်ယာဉ်နှင့် လူအသွားအလာ အလွန်များပြားသည့် ရန်ကုန်-ပြည်လမ်းမဘေးရှိ နာမည်ကျော် အိုးရှင်းစင်တာ မျက်နှာချင်းဆိုင်တွင် ငွေလဲကောင်တာတွင် နှာခေါင်းစည် တပ်ထားသော အမျိုးသားနှစ်ဦးက သေနတ်ပစ်ဖောက်၍ လုယက်မှု ကျူးလွန်ရန် ကြံစည်မှု သြဂုတ်လ ၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
05-Aug-2017 tagged as သေနတ်
မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း၊ ကိုးမိုင် Ocean Center ရှေ့ရှိ Farmer Money Changer တွင် ယနေ့ (သြဂုတ်လ ၅ ရက်) နံနက် ၈ နာရီခွဲက အမျိုးသားတစ်ဦး ဆိုင်အတွင်း သေနတ်တစ်ချက် ပစ်ဖောက်၍ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
26-May-2017 tagged as သေနတ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ် မိုင်းပုအွန်ကျေးရွာအုပ်စု ဝမ်ပျက်ရွာတွင် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မိုင်းပျဉ်းမြို့မ ရဲစခန်းထံမှ သိရသည်။
22-Mar-2017 tagged as သေနတ် မန္တလေး
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆိုင်ကယ် စီးနင်းနေသူတစ်ဦး ယနေ့ (မတ်လ ၂၂ ရက်) နံနက်ပိုင်းက သေနတ်ကျည် ထိမှန်သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များထံမှ သိရသည်။
NLD ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီကို ပစ်သတ်ထွက်ပြေးလာသော သေနတ်သမား ကြည်လင်းကို ဖမ်းဆီးမိရေးအတွက် ထိရောက်စွာ ကူညီပေးခဲ့သော အငှားယာဉ်မောင်း ဦးကျော်ဦးအား ဂုဏ်ပြုပွဲကို ရန်ကုန်လေဆိပ်တွင် ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
05-Feb-2017 tagged as သေနတ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်ရာတွင် ပူးပေါင်းပါဝင်သည်ဟု ဆိုသော အသက် ၄၆ နှစ်အရွယ် အောင်ဝင်းဇော်၏ နေအိမ်ကို ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ဝင်ရောက်ရှာဖွေကာ ချိပ်ပိတ်ခဲ့ကြောင်း ယင်းလမ်းတွင် နေထိုင်သော အမျိုးသားတစ်ဦးက ပြောကြားသည်။
05-Feb-2017 tagged as သေနတ်
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်း၏ ထွက်ဆိုချက် လျှို့ဝှက်စာရွက်များ ပေါက်ကြားမှုနှင့် ပတ်သက်၍ ရဲအရာရှိအချို့ကို စုံခုံဖွဲ့ စစ်ဆေးနေကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
04-Feb-2017 tagged as သေနတ်
သတင်းကို တစ်ရွာလုံးက သိထားပြီး ဖြစ်သလို NLD ခေါင်းဆောင်တစ်ဦးကို မိသားစုဝင်တစ်ဦးက လုပ်ကြံခြင်းဖြစ်ရာ အများစု ဖြစ်နေသည့် ရွာကလေးတွင် အရှက်ရစရာ။ ယင်းအပြင် အမှုအတွက် သက်ဆိုင်ရာက လာရောက်စစ်မေးခြင်း၊ သတင်းမီဒီယာများက လာရောက်တွေ့ဆုံခြင်းများအတွက် ယခင်က ပတ်ဝန်းကျင်နှင့် သီးသန့်နေထိုင်တတ်သည့် နေအိမ်တွင် လူတရုန်းရုန်းနှင့်။ အများသူငါက သတိထား စောင့်ကြည့်ဖွယ်ရာ ဖြစ်နေသည်ကလည်း မိသားစုဝင်များအတွက် တစ်ဒုက္ခ။