News

POST TAGGED AS

သေဆုံး

YBS ၂၉ လမ်းဖြတ်ကူးသည့် အဘွားအိုကို ဝင်တိုက်၊ ယာဉ်တိုက်ခံရသူ သေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၉

တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းရှိ မြင်သာလမ်းဆုံ မီးပွိုင့်တွင် လမ်းဖြတ်ကူးနေသည့် အဘွားအိုတစ်ဦး YBS ၂၉ ယာဉ်နှင့် ဝင်တိုက်ခံရရာမှ အခင်းဖြစ်နေရာတွင် ပွန်းပဲ့စုတ်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

YBS ၂၉ ခရီးသည်တင်ယာဉ်မှာ ဩဂုတ်လ ၂၉ ရက် နံနက် ၉ နာရီက ဘေလီတံတားဘက်မှ စံပြဈေးဘက်သို့ သံသုမာလမ်းအတိုင်း မောင်းလာစဉ် မြင်သာလမ်းဆုံ မီးပွိုင့်အရောက် လမ်းဖြတ်ကူးနေသည့် အဘွားအိုတစ်ဦးကို ဝင်တိုက်မိခြင်းဖြစ်သည်။

“ကားတိုက်ခံရတဲ့ အဘွားကြီးက ကားအောက်ထဲရောက်သွားပြီး ကားနဲ့ တရွတ်တိုက်ချိတ်ပါသွားတာ။ ဘေးက လူတွေဝိုင်းအော်လို့ ကားရပ်လိုက်ချိန် ကားအောက်ထဲ ပါသွားသူကိုကြည့်တော့ အသက်မရှိတော့ဘူး” ဟု အခင်းဖြစ် နေရာအနီးရှိ ဈေးဆိုင်မှ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် အသက် ၈၀ နှစ် အဘွားအိုမှာ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်သူဖြစ်ပြီး ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် လူသေဆုံးခဲ့သဖြင့် YBS (၂၉) ခရီးသည်တင် ယာဉ်မောင်း အသက် ၄၇ နှစ် ဦးဝင်းဖေကို ဖမ်းဆီး၍ တောင်ဥက္ကလာပ မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄ - က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US