News

POST TAGGED AS

သေဆုံး

ဆင်သတ်ဂိုဏ်းမှ တရားခံပြေးတစ်ဦးကို တူမီးသေနတ်နှင့်အတူ ဖမ်းမိ
ရန်ကုန်၊ ဧပြီ ၂၈

တိုက်ကြီးမြို့နယ် ဥက္ကံချောင်းတွင် ဆင်သေတစ်ကောင် အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဆင်သတ်ဂိုဏ်းအဖွဲ့မှ လွတ်မြောက်နေသည့် တရားခံပြေး အမျိုးသားတစ်ဦးကို ဧပြီလ ၂၇ ရက် နံနက်ပိုင်းက ဖောင်ကြီး သစ်တောကြိုးဝိုင်းအတွင်း တူမီးသေနတ်တစ်လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ဖမ်းမိသူ အသက် ၄၅ နှစ် အောင်နိုင်စိုးမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ဥက္ကံမြို့၊ ချောင်းစောက်ကျေးရွာ အရှေ့ဘက်ရှိ ဥက္ကံချောင်းတွင် တောဆင်ရိုင်းတစ်ကောင်ကို သတ်ဖြတ်ပြီး အစွယ်နှင့် နှာမောင်းဖြတ်ယူခဲ့သော ဆင်သတ်ဂိုဏ်းအဖွဲ့တွင် ပါဝင်သူဖြစ်ကြောင်း၊ ယင်းအမှုမှ သန်းလင်းအပါအဝင် ခြောက်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး အောင်နိုင်စိုးမှာ တရားခံပြေးအဖြစ် ကြေညာခံထားရသူဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ အမှုကို ဥက္ကံနယ်မြေ ရဲစခန်းမှ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၇ (က) ဖြင့် အမှုဖွင့်ထားပြီး တရားခံပြေး အောင်နိုင်စိုးကို တူမီးသေနတ်တစ်လက်နှင့် ဖောင်ကြီးသစ်တောကြိုးဝိုင်းအတွင်း ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဖမ်းမိသည့် တရားခံပြေး အောင်နိုင်စိုးကို လှည်းကူးမြို့နယ်၊ ဖောင်ကြီးနယ်မြေ ရဲစခန်းက လက်နက်များအက် ဥပဒေ ပုဒ်မ ၁၉ (စ) ဖြင့် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရှိရသည်။  

S-03




FOLLOW US