News

POST TAGGED AS

သေဆုံး

တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းရှိ မြင်သာလမ်းဆုံ မီးပွိုင့်တွင် လမ်းဖြတ်ကူးနေသည့် အဘွားအိုတစ်ဦး YBS ၂၉ ယာဉ်နှင့် ဝင်တိုက်ခံရရာမှ အခင်းဖြစ်နေရာတွင် ပွန်းပဲ့စုတ်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်း ဖြူးမြို့နယ် အနောက်ဘက် ပဲခူးရိုးမတောင်ပေါ် ဖြူးလေးချောင်းဖျားရပ်တွင် ဩဂုတ် ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က မီးသွေးဖုတ်နေသည့် မယားညီအစ်ကိုနှစ်ဦး အရက်အတူသောက်စားရာမှ စကားများရန်ဖြစ်စဉ် တုတ်ဖြင့်ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း ဖြူးမြို့မရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ ဂွေးကုန်းကျေးရွာအနီး လယ်ကွက်တစ်ခုတွင် ဇူလိုင် ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က စပါးစိုက်နေသူများထံသို့ မိုးကြိုးပစ်ချခံခဲ့ရသည့်အတွက် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပဲနွယ်ကုန်းနယ်မြေရဲစခန်းထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ပိန်းချောင်းကျေးရွာတွင် ဇူလိုင်လ ၁ ရက်နေ့က လူတစ်ဦး အရက်ကြောင်ကြောင်ပြီး ရွာအတွင်းရှိ လူများကို ဓားဖြင့် လိုက်လံထိုးရာမှ အမျိုးသမီးသုံးဦး သေဆုံးပြီး ၎င်းအပါအဝင် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လောင်းရှည်နယ်မြေရဲစခန်းထံမှ သိရသည်။
အမရပူရမြို့နယ် စွယ်တော်ကားကွင်းအနီးတွင် မေလ ၃၁ ရက်နေ့ ည ၁၀ နာရီခွဲခန့်အချိန်က လူငယ် ၂၀ ဦးခန့်သည် လှည့်ကင်းတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ကို ဓားရှည်များဖြင့် ခုခံသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က အတည်ပြုပြောကြားသည်။
တောဆင်ရိုင်းများသည် ဓမ္မတာအတိုင်း သေဆုံးခြင်းသော်လည်းကောင်း သတ်ဖြတ်ခံရ၍သော်လည်းကောင်း ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် တစ်ကောင်ခန့် သေဆုံးနေရကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ်နယ်မြေရဲစခန်းတွင် မေလ ၁၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်က မုဒိမ်းမှုဖြင့် အချုပ်ကျရမန်ယူထားပြီး တရားစွဲဆိုရန် ပြင်ဆင်ခံထားရသည့် အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။
အစ္စရေးအစိုးရသည် ဆန္ဒပြသူများအပေါ် အင်အားအလွန်အကျွံသုံးနေသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်ကြီးက ဝေဖန်ခဲ့ပြီး နာရီပိုင်းအကြာ ဧပြီလ ၂၇ ရက်နေ့တွင် ဂါဇာနယ်စပ်ဒေသတစ်လျှောက် အစ္စရေးစစ်တပ်၏ပစ်ခတ်မှုကြောင့် ဆန္ဒပြသူသုံးဦးသေဆုံးခဲ့ပြီး ၄၀၀ ကျော်ဒဏ်ရာရခဲ့ကြောင်း Reuters သတင်းဌာနကဖော်ပြသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီမြို့ မြို့မ ၁ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဧပြီ ၂၄ ရက် နံနက်ပိုင်းက ဇနီးနှင့်စကားများပြီးနောက် စိတ်ညစ်သည်ဟုဆိုကာ အမျိုးသားတစ်ဦး ပိုးသတ်ဆေးသောက်၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ဇေယျဝတီနယ်မြေ ရဲစခန်းထံမှသိရသည်။
တိုက်ကြီးမြို့၊ အရှေ့ဘက် ဖလုံဘူတာကျေးရွာအုပ်စု၊ ကွမ်းသီးမြောင်ကျေးရွာ မြောက်လှိုင်ရိုးမ သစ်တောကြိုးဝိုင်းအကွက် အမှတ် (၂) တွင် ဧပြီလ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်က အစာရေစာပြတ်၍ တစ်နှစ်ခွဲအရွယ်ခန့်ရှိ တောဆင်ပေါက်အထီးတစ်ကောင် သေဆုံးနေကြောင်း တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမြင့်သူက ပြောကြားသည်။