News

POST TAGGED AS

သေဆုံးမှု

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု ဗောဓိကုန်းကျေးရွာ အောင်နန်းတောင် တောရကျောင်းတွင် မေလ ၉ ရက်နေ့ ည ၉ နာရီ ခန့်က အရက်မူးဆဲဆိုနေသည့် ရဟန်းကို တိုက်အုပ်ဘုန်းကြီးက တုတ်ဖြင့်ရိုက်နှက်ပြီး ဓားနှင့်ထိုးသတ်ခဲ့ကြောင်း အုတ်တွင်းမြို့မရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဘူတာတောင်ရပ်ကွက်တွင် မေလ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်က လမ်းဘေးဈေးဆိုင်ပေါ် သစ်ပင်လဲကျရာမှ သမီးကိုကာကွယ်သည့် မိခင်ဖြစ်သူ သေဆုံးခဲ့သည်ဟု ဖြူးမြို့မရဲစခန်းမှ စုံစမ်းသိရှိသည်။
10-May-2018 tagged as အရက် သေဆုံးမှု
သုံးခွမြို့နယ်၊ နန်းခလဲကျေးရွာ၊ နေအိမ်အတွင်း တည်ထားသော အုတ်ကန်ငယ်တစ်ခုအတွင်းတွင် မေလ ၈ ရက် နံနက် ၇ နာရီခန့်က အရက်အလွန်အကျွံ သောက်စားမူးယစ်သူ အသက်၅၅ နှစ် အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ် ကစင်ကျေးရွာ၊ မြေတိုင်း ၂၃ တွင် မေလ ၂ ရက်နံနက် ၈ နာရီခွဲခန့်က ဖောကားပေါ်ရှိသဲများကိုချစဉ် သဲပိ၍ သေဆုံးနေသူအသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် တနင်္လာနေ့က အသေခံဗုံးခွဲ တိုက်ခိုက်မှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ရာ သတင်းစာဆရာများအပါအဝင် လူပေါင်း ၂၁ ဦး သေဆုံးသွားသည်ဟု အာဖဂန်နစ္စတန်အာဏာပိုင်များက ပြောကြားကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
ရန်ကင်းမြို့နယ်၊ မဟာမြိုင်လမ်းရှိ ပြည်သာယာအိမ်ရာတွင် ဧပြီလ ၃၀ ရက် နံနက် ၂ နာရီဝန်းကျင်က ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ ချစ်သူနောက် ခိုးရာလိုက်ပြေးရန် အဝတ်အထည်များကို ကြိုးကဲ့သို့ချည်နှောင်ပြီး ခြောက်လွှာတိုက်ခန်းပေါ်မှဆင်းစဉ် ပြုတ်ကျသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။