News

POST TAGGED AS

လေပြင်း

30-May-2018 tagged as လေပြင်း
မုန်တိုင်း စတင်ဖြတ်သန်းရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် နေအိမ် ၈၇ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ ငပလီမြို့၌ နေအိမ် ၉ လုံး၊ တောင်ကုတ်မြို့နယ်တွင် နေအိမ် ၃၄ လုံး၊ စာသင်ကျောင်း ၅ ကျောင်း၊ ယာယီသစ်သား တံတားတစ်ခုနှင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ မြေပုံမြို့နယ်တွင် နေအိမ် ၂၅ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ အမ်းမြို့နယ်၌ နေအိမ် ၂၁ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း
ရခိုင်ကမ်းရိုးတန်းကိုဖြတ်၍ မေလ ၂၉ ရက်နေ့က စတင်တိုက်ခတ်ခဲ့သည့် မုန်တိုင်းငယ်ကြောင့် လေးဦးသေဆုံးပြီး လူ ၄,၆၀၀ ကျော် လေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၏ မြို့ဦးစေတီဖြစ်သည့် အောင်မြေသာယာစေတီမှာ မေလ ၂၉ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် ထီးတော်မြေခခဲ့ကြောင်း လှိုင်သာယာမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယမန်နေ့ညနေပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ကနီ၊ ကန့်ဘလူ၊ ကလေးဝကလေး၊ ဖောင်းပြင်၊ မော်လိုက်၊ ကသာ၊ ကောလင်း၊ ရေဦး၊ ရွှေဘို၊ ခင်ဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ တမူး၊ မင်းကင်း၊ ကသာခရိုင်နှင့် စစ်ကိုင်းမြို့နယ်တို့မှ နေအိမ်နှင့် သာသနိကအဆောက်အအုံ စုစုပေါင်း ၁၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတိုင်းဦးစီးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။
26-Apr-2018 tagged as လေပြင်း ဟင်္သတ
ဧရာဝတီတိုင်း ဟင်္သာတခရိုင်အတွင်းရှိ ဇလွန်၊ အင်္ဂပူနှင့် လေးမျက်နှာမြို့နယ်များတွင် ဧပြီ ၂၄ ရက် ညပိုင်းက လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် လူဦးရေ ၁၅၀၀ ကျော် လေဘေးသင့်ခဲ့ကြောင်း အဆိုပါ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ၏ ထုတ်ပြန်ချက်များအရ သိရသည်။
22-Apr-2018 tagged as လေပြင်း ဟင်္သတ
ဟင်္သာတခရိုင်တွင် ဧပြီလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် လေးရက်အတွင်း လူဦးရေ တစ်သောင်းကျော်နေထိုင်သည့် နေအိမ်သုံးထောင်ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဟင်္သာခရိုင်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနထံမှစုံစမ်း သိရှိသည်။
ယမန်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းကြောင့် စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ကနီ၊ ဘုတလင်နှင့် ယင်းမာပင်မြို့နယ်တို့မှ အိမ်ခြေစုစုပေါင်း ၆၅၀ ကျော် ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ကြာကန်ကျေးရွာအုပ်စုအတွင်း၌ ဧပြီလ ၁ ရက်နေ့ ညပိုင်းက လေကြမ်းများ တိုက်ခတ်ပြီး မိုးသီးမိုးပေါက်များကျဆင်းခဲ့မှုကြောင့် အိမ်ခြေ ၁၄၀ ကျော် ပျက်စီးခဲ့ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကွန်ဟိန်းမြို့နှင့် ကာလိမြို့တို့တွင် မတ်လ ၁၀ ရက် ညနေ ၄ နာရီခွဲက အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ မိုးသီးများ ကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ ခန့် ပျက်စီးခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြောကြားသည်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ရှော်ချောင်းကျေးရွာ အုပ်စုရှိ ရေချိုကုန်း၊ ချမ်းသာကြီး ၁၊ ကွင်းသုံးဆင့်ကျေးရွာတို့တွင် မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ်နှင့်အဆောက်အအုံ ၁၈ လုံးခန့် ပျက်စီးကာ အိမ်ထောင်စု ၂၀ လေဘေးဒဏ်သင့်ခဲ့ကြောင်း လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။