News

POST TAGGED AS

လေးလောင်းပြိုင်

20-Aug-2016

ရဲ လူသတ်မှု
ရဲတပ်ရင်း အနီး ၄ လောင်းပြိုင်လူသတ်မှုဖြစ်
မင်္ဂလာဒုံမြို့နယ် ရဲတပ်ရင်း ၈ အနီး ပတ္တမြားမြို့သစ်ရှိ တိုးချဲ့ရပ်ကွက် နေအိမ်တစ်လုံးတွင် ရဲ အရာရှိဟောင်းတစ်ဦး အပါအဝင် မိသားစုဝင် လေးဦး ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အိမ်ရှင် လင်မယားနဲ့ သူတို့ရဲ့ ကလေးနှစ်ယောက် အသတ်ခံရတာကို ဒီမနက်မှ သိခဲ့ရပြီး အမှုကို ခရိုင်မှုခင်းတပ်ဖွဲ့က လတ်တလော စုံစမ်းစစ်ဆေးနေတယ် မကြာခင် သတင်းအသေးစိတ် ထုတ်ပြန်ပေးမှာပါ ဟု ထောက်ကြန့်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ဌေးဝင်းက ပြောကြားသည်။

သေဆုံးသူ မိသားစုမှာ အမှတ်၈ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်အဆင့်ဖြင့် နှုတ်ထွက်ထားသော အသက် ၃၇ နှစ် ဦးစိုးနောင် ဇနီး ဒေါ်နွယ်နီလင်းနှင့် ရှစ်တန်းနှင့် သုံးတန်း တက်ရောက်နေသညိ့ ၎င်းတို့၏ သားနှစ်ဦး ဖြစ်ကြောင်း ထောက်ကြန့်နယ်မြေ ရဲစခန်းမှ သိရသည်။



FOLLOW US