News

POST TAGGED AS

လောင်းကစား

မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှုဖြင့် ဖမ်းဆီးခံရကာ အချုပ်သားအဖြစ် တရားရင်ဆိုင်နေရသော အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
မိတ္ထီလာမြို့ နယ်မြေ ၉ အောင်ဇေယျာရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ အမျိုးသမီးများပါဝင်သော ဖဲဝိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့ညက ဖမ်းဆီးရမိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရသည်။
မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဘုရားလမ်းအနီးတွင် ညဥ့်နက်ပိုင်း၌ အုပ်စုဖွဲ့၍ သုံးချပ်ဖဲလောင်းကစားရန် တိုက်တွန်းကာ ခရီးသည်များထံမှ ပိုက်ဆံနှင့် ရွှေပစ္စည်းများ လုယက်ယူသောအဖွဲ့ကို စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးအရေးယူရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ဌာနမှူး ရဲမှူးကြီး သက်လွင်က ပြောကြားသည်။
မြဝတီမြို့နယ်တွင် ဖွင့်လှစ်ထားသော ကာစီနိုရုံများ၊ ငါးဂိမ်းများ၊ အကြွေစေ့ဂိမ်း စသည့်လောင်းကစားရုံများ ပိတ်သိမ်းရေးအတွက် ဇန်နဝါရီလ ၂၁ ရက်တွင် ဒေသခံများက ဆန္ဒထုတ်ဖော် မည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်မည့် ကိုစိုင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း သက်ဆိုင်ရာ နယ်မြေအလိုက် ဆိုးသွမ်းရမ်းကားနေသော လူဆိုးလူမိုက် အယောက် ၁၅၀ဝ နီးပါးကို ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန် အက်ဥပဒေဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
08-Sep-2017 tagged as လောင်းကစား
တရုတ်၊ ထိုင်းတို့မှာ တရားဝင် ဖွင့်ခွင့်မရတဲ့အတွက် မြန်မာဘက်က နယ်စပ်မြို့တွေမှာ လာရောက်လောင်းကစားသူတွေ အများအပြားကို ကာစီနိုရုံတွေမှာ နေ့တိုင်း တွေ့ရပါလိမ့်မယ်။ ငွေကြေးစီးဆင်းမှု ကြီးမားများပြားတဲ့ ကာစီနို လောင်းကစားလုပ်ငန်းကို ဆက်ပြီး ခွင့်ပြုမလား၊ ခွင့်ပြုမယ်ဆိုရင် အခွန်ငွေ တရားဝင် ရရှိဖို့ ဘယ်လိုလုပ်ဆောင်မလဲ ဆိုတာကို သက်ဆိုင်ရာက မြန်မြန်ဆုံးဖြတ်ရင် တိုင်းပြည်အတွက် ပိုမိုအကျိုးရှိမှာ ဖြစ်ပါတယ်။
05-Aug-2017 tagged as လောင်းကစား
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် သြဂုတ်လ ၄ ရက် ညနေ ၄ နာရီခန့်က ငါးမန်းဂိမ်းနှင့် ဘောလုံးဂိမ်း လောင်းကစားဒိုင်ပြုလုပ်နေသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။
04-Aug-2017 tagged as လောင်းကစား
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်တွင် မဲတစ်လိပ် ၅၀ ကျပ်ဖြင့် ရောင်းချကာ လောင်းကစား ပြုလုပ်နေသူများကို သက်သေခံ ပစ္စည်းများနှင့်အတူ သြဂုတ်လ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သပိတ်ကျင်း မြို့မရဲစခန်းထံမှ သိရသည်။
တရားမဝင် လောင်းကစား လုပ်ငန်းများကို တားဆီး ထိန်းချုပ်ရာတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ပြီးမှသာလျှင် တားဆီး ထိန်းချုပ်နိုင်မည်
12-Jan-2017 tagged as လောင်းကစား
ဗိုလ်ချုပ်ဈေးသစ်အနီးရှိ City Center ဂိမ်းဆိုင်မှ လောင်းကစားမှုဖြင့် ဖမ်းဆီးထားသူ ၆၇ ဦးကို ဇန်န၀ါရီလ ၁၂ ရက် နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၃(က)/ ၁၄(က) ဖြင့် ရုံးထုတ်ချုပ်ရမန် ယူခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။