News

POST TAGGED AS

လေယာဉ်

ကျူးဘားနိုင်ငံ ဟာဗားနားမြို့တွင် ဘိုးအင်း ၇၃၇ အမျိုးအစားခရီးသည်တင် လေယာဉ်တစ်စင်း လေဆိပ်မှ ပျံတက်ပြီးနောက် အချိန်ပိုင်းမှာပင် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၀၀ ကျော် သေဆုံးသွားသည်ဟု ယုံကြည်ရကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
တောင်ငူလေတပ်စခန်းဌာနချုပ်ပိုင် တပ်မတော်လေ့ကျင့်ရေး လေယာဉ်တစ်စီး ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က လေတပ်စခန်းအနောက်ဘက် ချင်းကုန်းရွာအနီး လယ်ကွင်းထဲသို့ပျက်ခဲ့ရာ လေယာဉ်မှူးသည် ဆေးကုသမှုခံယူစဉ် နာရီဝက်ခန့်အကြာ သေဆုံးခဲ့ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ဂျာမနီနိုင်ငံ စတုဂတ်မြို့မှ ပေါ်တူဂီနိုင်ငံ မြို့တော်လစ်ဇဘွန်းမြို့သို့ ပျံသန်းမည့် ပေါ်တူဂီလေကြောင်းခရီးစဉ်မှာ အရက်မူးနေသော တွဲဖက်လေယာဉ်မှူးကြောင့် ဖျက်သိမ်းလိုက်ရာ ခရီးသည် ၁၀၆ ဦးမှာ လေဆိပ်တွင် နှစ်ရက်ကြာမျှ သောင်တင်ခဲ့ရကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန် လေကြောင်းလိုင်းတစ်ခုတွင် လေယာဉ်မယ်တစ်ဦးသည် ခရီးသည်နှင့်ပါလာသည့် အိမ်မွေးခွေးကို ပစ္စည်းသိမ်းလော့ကာထဲသို့ ထည့်လိုက်သဖြင့် ခွေးသေသွားပြီးနောက်တွင် အဆိုပါ လေကြောင်းလိုင်းမှ အပြည့်အဝတာဝန်ယူမည်ဟု ထုတ်ပြန်ခဲ့သည်ကို BBC သတင်းဌာနတွင် ဖော်ပြသည်။
နီပေါနိုင်ငံထရီဘူဗန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် US-Bangla လေကြောင်းလိုင်းမှ ခရီးသည်နှင့် လေယာဉ် ဝန်ထမ်း ၇၁ ဦးပါ လေယာဉ်ပျက်ကျခဲ့ရာ အနည်းဆုံးလူ ၄၉ ဦးသေဆုံးကြောင်း BBC သတင်းက ရေးသားဖော်ပြထားသည်။
ရုရှားနိုင်ငံ ဆိုချီမြို့၌ ၂၀၁၄ ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲဖွင့်ပွဲ အခမ်းအနားကို ပစ်မှတ်ထားသော ဗုံးပါလာသည်ဆိုသော ခရီးသည်တင် လေယာဉ်တစ်စင်းကို ပစ်ချရန် မိမိအမိန့်ပေးခဲ့ဖူးကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုမှ ထုတ်ပြောခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
တနင်္သာရီတိုင်း မြိတ်မြို့နှင့် ဘန်ကောက်မြို့ခရီးစဉ်အတွက် စင်းလုံးငှားလေယာဉ် ခရီးစဉ်ကို ပူးပေါင်းပြေးဆွဲရန် ထိုင်းနိုင်ငံအခြေစိုက် New Gen Airline နှင့် Tun Htaik Tin ကုမ္ပဏီတို့အား ဖေဖော်ဝါရီလက ခွင့်ပြုခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။
အီရန်နိုင်ငံတွင် ယမန်နေ့က ပျက်ကျသွားသော ခရီးသည်တင်လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများ၏ ဆွေမျိုးသားချင်းနှင့် မိတ်ဆွေများက ကယ်ဆယ်ရေး နှင့်ရှာဖွေရေးအဖွဲ့များထံမှ သတင်းကောင်းတစ်စုံတစ်ရာ ကြားသိနိုင်ရေးအတွက် ပူဆွေးဝမ်းနည်းစွာ ငိုကြွေးစောင့်ဆိုင်းလျက်ပင်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အီရန်နိုင်ငံတွင် ခရီးသည်တင် လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ် လိုက်ပါလာသူအားလုံး သေဆုံးသွားသည်ဟု ယင်းလေကြောင်း ကုမ္ပဏီမှ အရာရှိများက အတည်ပြု ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ရုရှားနိုင်ငံ မော်စကိုအနီးရှိ ဆာရာတော့ဗ်လေကြောင်းလိုင်းမှ ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့သည့်နေရာကို စုံစမ်းစစ်ဆေးရေးမှူးများက ရှာဖွေမှုများ ပြုလုပ်နေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။